Connect with us

North America

အမေရိကန်နိုင်ငံ  ဟူစတန်မြို့တွင် နှာခေါင်းစည်း မတပ်ပါက ဒဏ်ငွေ ဒေါ်လာ ၂၅၀ ပေးဆောင်ရန် အမိန့်ထုတ် 

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟူစတန်မြို့ရှိ တရုတ်စားသောက်ဆိုင်တစ်ခုတွင် နှာခေါင်းစည်းတပ်ဆင်ထားသော ဈေးဝယ်တစ်ဦးအားတွေ့ရစဉ်(ဆင်ဟွာ)

ဟူစတန် ၊ ဩဂုတ် ၄ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၏ အကြီးဆုံးမြို့ဖြစ်သော ဟူစတန်မြို့တွင် နှာခေါင်းစည်းတပ်ဆင်ရန် ထုတ်ပြန်ထားသော အမိန့်အား ချိုးဖောက်ပါက ဒဏ်ကြေးငွေ အမေရိကန်ဒေါ်လာ ၂၅၀ ပေးဆောင်ရမည်ဟု ဟူစတန်မြို့တော်ဝန် Sylvester Turner က ဩဂုတ် ၃ ရက်တွင် ပြောကြားလိုက်သည်။

နေ့စဉ်ပြုလုပ်သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မြို့တော်ဝန် Turner က ယင်း ထုတ်ပြန်လိုက်သော ဒဏ်ကြေးအမိန့်သည် နှာခေါင်းစည်းတပ်ဆင်ရန် တစ်ကြိမ်သတိပေးခြင်း ခံထားရသူ နှင့် ဆက်လက်ပြီး ဂရုမစိုက်ဘဲ လျစ်လျူရှုနေထိုင်သူများအား ရည်ရွယ်ကြောင်း ဆိုသည်။ ပြည်သူများအနေဖြင့် ဩဂုတ်လကုန်ထိ မြို့အတွင်း အများပြည်သူနှင့်သက်ဆိုင်သောနေရာများသို့ သွားလာပါက  နှာခေါင်းစည်းတပ်ဆင်ထားရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

ဟူစတန်မြို့တွင် COVID-19 ကူးစက်ပျံ့နှံ့မှုများအား ထိန်းချုပ်ရန်အတွက် အဆိုပါ ဒဏ်ကြေးပေးဆောင်ရမည့် အမိန့်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် မြို့တော်ဝန်က ဟူစတန်ရဲဌာနသို့ အမိန့်ပေးခဲ့ခြင်းဖြစ်သည်။ဟူစတန်မြို့တွင် COVID-19 ရောဂါကူးစက်မှုကို ဩဂုတ်လအတွင်း ၂၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရန် ပြီးခဲ့သော ရက်သတ္တပတ်က မြို့တော်ဝန် Turner က ပြောကြားထားသော်လည်း လက်ရှိအချိန်ထိ ကူးစက်မှုသည် “ ဆက်လက်မြင့်တက်နေသော လမ်းကြောင်းပေါ်တွင်ရှိနေကြောင်း” ဟူစတန်မြို့ ပြည်သူ့ကျန်းမာရေးအာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကား၍ David Persse သတင်းတွင် ဖော်ပြထားသည်။ဩဂုတ် ၃ ရက် အထိ နောက်ဆုံး ရရှိသော ကိန်းဂဏန်းများအရ ဟူစတန်မြို့တွင် COVID-19 ရောဂါကူးစက်ခံရသူ ၅၀,၀၀၀ အောက်တွင် ရှိနေပြီး သေဆုံးသူ ၄၇၂ ဦး ရှိကြောင်း သိရသည်။(Xinhua)