ဝါရှင်တန်၊ မတ် ၁၂ ရက်(ဆင်ဟွာ) ရုရှား-ဗင်နီဇွဲလား ဖက်စပ်ရင်းနှီးမြုပ်နှံမှုဘဏ်တစ်ခုအား ပိတ်ဆို့ကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက မတ် ၁၁ ရက်တွင် ကြေညာခဲ့သည်။ ပိတ်ဆို့သည့်အကြောင်းရင်းမှာ အဆိုပါဘဏ် သည် ဗင်နီဇွဲလား ရေနံကုမ္ပဏီအား သက်ဆိုင်ရာထောက်ပံ့မှုများနှင့် ဝန်ဆောင်မှုများပေးနေခြင်း ကြောင့်ဖြစ်သည် ဟု သိရသည်။
မက္ကဆီကို စီးတီး၊ မတ် ၁၀ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ အလယ်ပိုင်း ရှိ ဘားတစ်ခုတွင် တိုက်ခိုက်မှုတစ်ခုကြောင့် အနည်းဆုံး လူ ၁၄ဦးသေဆုံးပြီး အခြားလူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်းက မတ် ၉ရက်တွင်ဖော်ပြခဲ့သည်။
ဝါရှင်တန် ၊ မတ် ၉ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ လေတပ် ဝန်ကြီး ဟဲသာ ဝယ်ဆန် (Heather Wilson) က မတ်လ ၈ ရက် ၌ ရာထူး မှ နုတ်ထွက်မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ရာ အမေရိကန် ကာကွယ်ရေး...
ဝါရှင်တန်၊ မတ် ၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ဂျော်ဂျီယာပြည်နယ်မှ လွှတ်တော်အမတ်ဟောင်း ဂျွန်လင်ဒါ (John Linder) အား အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် အမည်စာရင်းတင်သွင်းရန် ရည်ရွယ်ထားကြောင်း အိမ်ဖြူတော်က မတ်လ ၈...
နယူးယောက်၊ မတ် ၇ ရက် (ဆင်ဟွာ) အလက်စကာပြည်နယ် ကိုဘက်မြို့ အနောက်တောင်ဘက် ၏ တောင်ဘက် ၆၈ကီလိုမီတာ အကွာ တွင် မတ် လ ၆ ရက် ဂရင်းနစ်စံတော်ချိန် ၂၁း၃၃း၁၄နာရီက အင်အား ၅.၄ ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်နိုင်ငံ ဘူမိဗေဒတိုင်းတာရေးအဖွဲ့ကပြောကြားခဲ့သည်။
ဝါရှင်တန်၊ မတ် ၅ ရက်(ဆင်ဟွာ) အမေရိကန်အစိုးရက သမ္မတထရမ့်၏ညွှန်ကြားချက်အရ အိန္ဒိယနှင့် တူရကီ၏ အကောက်ခွန် သက်သာခွင့်(GSP)ကို ဖျက်သိမ်းရန် စီစဉ်နေကြောင်း အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် Lighthizerက မတ်လ ၄ ရက်တွင် ပြောကြားခဲ့သည်။
နယူးယောက်၊ မတ် ၄ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ Zirandaro မြို့ အနောက်မြောက် အနောက်ဘက် ၌ မတ် ၃ရက် ဂရင်းနစ်စံတော်ချိန် ၁၅း၂၅း၅၇နာရီတွင် အင်အား ၅.၂ ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒ တိုင်းတာရေးအဖွဲ့က ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ မတ် ၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ တောင်ပိုင်းရှိ အယ်ဘားမားပြည်နယ်(Alabama) နှင့် ဂျော်ဂျီယာပြည်နယ်(Georgia) တို့တွင် “ အလွန်ကြီးမားပြီး ဖျက်အားပြင်းသော” လေဆင်နှာမောင်းများ ဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံး သေဆုံးသူ ၂၂ ဦးထိရှိလာခဲ့ကြောင်း အာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကား၍ NBC သတင်းဌာနက ဖော်ပြခဲ့သည်။(Xinhua)
မက္ကဆီကို စီးတီး၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံတွင် ခိုလှုံခွင့်တောင်းခံနေသော နိုင်ငံခြားသားများအား အလေးထားစောင့်ရှောက်မှု တိုးတက်ကောင်းမွန်လာစေရန် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ဒုက္ခသည်များအကူအညီပေးရေး အေဂျင်စီများသည် ဖေဖော်ဝါရီ ၂၆ ရက်က သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားချက်အရ သိရသည်။
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ တောင်ပိုင်းတွင် ပြီးခဲ့သည့် ရက်သတ္တပတ်အကုန်က လေဆင်နှာမောင်းတစ်ခု တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၂ဦးသေဆုံးကြောင်း ဒေသခံအာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။