Connect with us

North America

ဟောမျူ့ရေလက်ကြားတွင် အီရန် သင်္ဘောများ နှင့် ပက်ပင်းကြုံတွေ့ရာတွင် အမေရိကန် သင်္ဘောက သတိပေးပစ်ခတ်မှုပြုလုပ်

ဝါရှင်တန်၊ မေ ၁၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကမ်းခြေစောင့်သင်္ဘောတစ်စင်းသည် ဟောမျူ့ (Hormuz) ရေလက်ကြားတွင် မေ ၁၀ ရက်အစောပိုင်းက အီရန် အစ္စလာမ်မစ် တော်လှန်ရေး ကမ်းခြေစောင့်တပ်ဖွဲ့ ရေတပ် (IRGCN) ၏ စပိဘုတ်များနှင့် အနီးကပ်ရင်ဆိုင်ကြုံတွေ့စဉ် သတိပေးပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း ပင်တဂွန်က မေ ၁၀ ရက်တွင် ပြောကြားခဲ့သည်။ပဲ့ထိန်းဒုံးကျည်တပ်ရေငုပ်သင်္ဘော USS Georgia အား လိုက်ပါကြီးကြပ်သော အမေရိကန် ရေတပ်သင်္ဘော ၆ စင်းသည် ဟောမျူ့ ရေလက်ကြားကို ဖြတ်သန်းစဉ် IRGCN fast attack သင်္ဘော ၁၃ စင်း နှင့် ထိပ်တိုက်ကြုံတွေ့ခဲ့ခြင်းဖြစ်ကြောင်း ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူက နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

၎င်း၏အဆိုအရ အီရန် သင်္ဘောများသည် မြန်နှုန်းမြင့်ဖြင့် အမေရိကန် သင်္ဘောများထံ ကိုက် ၁၅၀ (၁၃၇ မီတာခန့်) အထိ နီးကပ်စွာ ချဉ်းကပ်လာခဲ့ခြင်းဖြစ်ကြောင်း၊ အမေရိကန် ကမ်းခြေစောင့် Cutter Maui က အီရန် သင်္ဘောများ မထွက်ခွာမီ စက်သေနတ်ဖြင့် အချက် ၃၀ ခန့် သတိပေးပစ်ခတ်ခဲ့ကြောင်း ၎င်းက ပြောခဲ့သည်။

အီရန်နိုင်ငံ တောင်ပိုင်း ဟောမျူ့ (Hormuz) ရေလက်ကြားတွင် ကင်းလှည့်နေသော အီရန် စစ်သားများအား တွေ့ရစဉ် (ဆင်ဟွာ)

ယင်းသို့ ထိပ်တိုက်တွေ့ဆုံမှုသည် သီတင်းပတ်နှစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက်လည်း ဖြစ်သည်။ ဧပြီလကုန်ပိုင်းက အမေရိကန် ရေတပ်ကင်းလှည့်သင်္ဘောတစ်စင်းသည် ပါရှားပင်လယ်ကွေ့ မြောက်ဘက် နိုင်ငံတကာရေပိုင်နက်၌ IRGCN သင်္ဘောများက “လိုသည်ထက်ပို၍” ချဉ်းကပ်လာသဖြင့် သတိပေးပစ်ခတ်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်ရပ်သည် မြောက်အာရေဘီယံပင်လယ်အတွင်း လက်နက်ငယ်များနှင့် တင့်ကားဖျက် ပဲ့ထိန်းဒုံးကျည် အမြောက်အများ အပါအဝင် လက်နက်များ သင်္ဘောဖြင့် တရားမဝင်တင်ပို့မှုကို အမေရိကန် ရေတပ်က ဖမ်းဆီးမိပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ရေတပ်၏ ကနဦးစုံစမ်းစစ်ဆေးမှုအရ အဆိုပါ သင်္ဘောသည် အီရန်နိုင်ငံမှ ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက အမေရိကန် မီဒီယာသို့ ပြောကြားခဲ့သည်။

ထို့ပြင် ယင်းဖြစ်ရပ်သည် အမေရိကန်နိုင်ငံနှင့် အီရန်နိုင်ငံတို့ကြား ပူးတွဲဘက်စုံလှုပ်ရှားမှုအစီအစဉ်ဟု လူသိများသော အီရန်နျူကလီးယား သဘောတူညီချက်အား ပြန်လည်သုံးသပ်ရေး ဗီယင်နာမြို့၌ တစ်ဆင့်ခံဆွေးနွေးမှုများပြုလုပ်နေစဉ်အတွင်းမှာပင် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ (Xinhua)

—————————————
(English Version)

U.S. ship fires warning shots in encounter with Iranian vessels in Strait of Hormuz
Source: Xinhua| 2021-05-11 06:24:19|Editor: huaxia
WASHINGTON, May 10 (Xinhua) — The Pentagon said on Monday that a U.S. Coast Guard ship fired warning shots during a close encounter with Iranian Islamic Revolutionary Guard Corps Navy (IRGCN) fast boats in the Strait of Hormuz earlier in the day.
Pentagon spokesman John Kirby said in a daily briefing that six U.S. Navy vessels escorting USS Georgia, a guided missile submarine, encountered 13 IRGCN fast attack boats while transiting the Strait of Hormuz.
He said the Iranian boats approached the U.S. formation at high speed, closing in as close as 150 yards (about 137 meters), and the U.S. Coast Guard Cutter Maui fired about 30 warning shots from a machine gun before the Iranian boats left.
It was the second such encounter in two weeks. In late April, a U.S. Navy patrol ship fired warning shots as IRGCN vessels approached to an “unnecessarily close range” in international waters of the northern Persian Gulf.
The incident came days after the U.S. Navy seized an illicit shipment of weapons, including thousands of small arms and dozens of anti-tank guided missiles, in the North Arabian Sea. An anonymous official told U.S. media that the Navy’s initial investigation indicated the vessel came from Iran.
The incident also came amid indirect talks between the United States and Iran in Vienna to revive the Iran nuclear deal, formally known as the Joint Comprehensive Plan of Action. ■
1- The patrol boat United States Coast Guard Cutter Maui navigates through the Arabian Gulf on Jan. 24, 2019. (Photo credit: U.S. Naval Forces Central Command)
2- Iranian soldiers patrol the Strait of Hormuz in southern Iran, April 30, 2019. (Xinhua/Ahmad Halabisaz)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.