Connect with us

North America

အမေရိကန်အစိုးရက တိကျစွာလမ်းညွှန်ပစ်ခတ်နိုင်သည့် လက်နက်များကို အစ္စရေးနိုင်ငံအား ရောင်းချရန် ခွင့်ပြု

ဝါရှင်တန် ၊ မေ ၁၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သတင်းမီဒီယာ၏ မေလ ၁၇ ရက်ဖော်ပြချက်အရ ဘိုင်ဒန်အစိုးရအနေဖြင့် တိကျစွာလမ်းညွှန်ပစ်ခတ်နိုင်သည့် လက်နက် (Precision-guided munition) များ အစ္စရေးနိုင်ငံအား ရောင်းချပေးသွားရန် ယခုလဆန်းပိုင်းက လွှတ်တော်သို့ အဆိုပြုခဲ့ပြီး ဒီမိုကရက်တစ်ပါတီ လွှတ်တော်ကိုယ်စားလှယ်အချို့က ယင်းစစ်လက်နက်ရောင်းချခြင်းကြောင့် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ အပေါ် သက်ရောက်မှုနှင့်ပတ်သက်၍ စိုးရိမ်ခဲ့ကြကြောင်း သိရှိရသည်။The Washington Post ၏ ရေးသားဖော်ပြချက်အရ ဘိုင်ဒန်အစိုးရအနေဖြင့် အစ္စရေး နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၇၃၅ သန်းတန်ဖိုးရှိ တိကျစွာ လမ်းညွှန်ပစ်ခတ်နိုင်သည့် လက်နက်များရောင်းချသွားရန် ယခုလ ၅ ရက်၌ လွှတ်တော်သို့ တရားဝန်အကြောင်းကြားခဲ့ကြောင်း ၊ ရောင်းချပေးသွားမည့် လက်နက်များအနက် ပူးတွဲတိုက်ရိုက်တိုက်ခိုက်ရေးလက်နက် (Joint Direct Attack Munition) နှင့် GBU-39 Small Diameter Bomb တို့လည်းပါဝင်ကြောင်း သိရှိရသည်။

Washington Post ၏ ရေးသားဖော်ပြချက်သည် ဒီမိုကရက်တစ်ပါတီ လွှတ်တော်ကိုယ်စားလှယ် အချို့အတွက် စိုးရိမ်ပူပန်မှု ဖြစ်ပေါ် စေခဲ့သည်။ ဒီမိုကရက်တစ်ပါတီ အောက်လွှတ်တော်အမတ် Ilhan Omar က မေလ ၁၇ ရက်၌ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာတွင် ပါလက်စတိုင်း နှင့် အစ္စရေး ပဋိပက္ခ မြင့်တက်လာသည့်အခြေအနေအောက်တွင် ဘိုင်ဒန်အစိုးရ အနေဖြင့် မည်သည့် ကန့်သတ်ချက်မှ ဖြည့်စွက်ခြင်းမရှိဘဲ အစ္စရေးနိုင်ငံအား တိကျစွာ လမ်းညွှန်ပစ်ခတ်နိုင်သည့် လက်နက်များ ထောက်ပံ့ပေးခြင်းသည် အံ့အားသင့်ဖွယ်ကောင်းသော ဆောင်ရွက်မှုဖြစ်ကြောင်း ၊ ယင်းစစ်လက်နက်ရောင်းချမှုဆောင်ရွက်ပြီးစီးသွားပါက ပါလက်စတိုင်း-အစ္စရေး တိုက်ခိုက်မှု ဆက်လက်မြင့်တက်လာရန် တံခါးဖွင့်ပေးလိုက်သလိုဖြစ်ပြီး အပစ်အခတ်ရပ်ဆဲရန် ဆောင်ရွက်ခဲ့သည့် ကြိုးပမ်းအားထုတ်မှုအားလုံး ဖျက်ဆီးခံရမည်ကို စိုးရိမ်ကြောင်း ရေးသားဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံသည် ဥပဒေသတ်မှတ်ချက်များအရ လွှတ်တော်မှ တရားဝင် စစ်လက်နက်ရောင်းချရမည် ဖြစ်ရာ ဘိုင်ဒန်မှာအကြောင်းကြားပြီးနောက် လာမည့် ၁၅ ရက်အတွင်း ကန့်ကွက်မှုဆောင်ရွက်သွားနိုင်ကြောင်း ၊ သို့သော် လက်ရှိကျန်ရှိနေသော နေ့ရက်များသည် သက်ဆိုင်ရာလုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်ရန် အချိန်အလုံအလောက် မကျန်ရှိတော့ကြောင်း သိရှိရသည်။ လွှတ်တော်အနေဖြင့် ယခုအသုတ်စစ်လက်နက်ရောင်းချမှုအား တားဆီးနိုင်ရန် အချိန် မရှိသလောက်ဖြစ်သွားပြီး ဖြစ်ကြောင်း အမေရိကန်သတင်းမီဒီယာက ရေးသားဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံ သမ္မတ ဂျိုး ဘိုင်ဒန် က မေလ ၁၇ ရက်၌ အစ္စရေးနိုင်ငံဝန်ကြီးချုပ် နှင့် ဖုန်းဖြင့် ဆက်သွယ်ပြောကြားရာတွင် ပထမဦးဆုံးအကြိမ် ပါလက်စတိုင်း-အစ္စရေး အပစ်အခတ်ရပ်စဲရန်တောင်းဆိုခဲ့ကြောင်း ၊ အစ္စရေးနိုင်ငံအနေဖြင့်လည်း ဆောင်ရွက်နိုင်သော ကြိုးပမ်းအားထုတ်မှုအားလုံးပြုလုပ်၍ မသက်ဆိုင်သော သာမန်ပြည်သူများအား ကာကွယ်သွားသင့်ကြောင်း ပြောကြားခဲ့ပြီး အစ္စရေးနိုင်ငံ၏ မိမိကိုယ်ကိုယ်ကို ကာကွယ်သည့် အခွင့်အရေး အပေါ် ခိုင်မြဲစွာထောက်ခံကြောင်း ပြောကြားခဲ့သည်။

လတ်တလောရက်ပိုင်းတွင် ပါလက်စတိုင်း ဂါဇာဒေသရှိ လက်နက်ကိုင် အဖွဲ့အစည်း နှင့် အစ္စရေး အကြား ဆိုးရွားသည့် တိုက်ခိုက်မှုများ အဆက်မပြတ်မြင့်တက်လာခဲ့သည်။ အစ္စရေးနိုင်ငံ ကာကွယ်ရေးတပ်ဖွဲ့ နှင့် ဂါဇာဒေသ ကျန်းမာရေးဝန်ကြီးဌာနတို့၏ မေလ ၁၇ ရက် ထုတ်ပြန်ကြေညာချက်အရ မေလ ၁၀ ရက်မှစတင်၍ နှစ်ဖက်တိုက်ခိုက်မှုများကြောင့် အစ္စရေး ဘက်မှ ၁၀ ဦး သေဆုံးခဲ့ပြီး လူပေါင်း တစ်ရာကျော် ဒဏ်ရာရရှိခဲ့ကြောင်း ၊ ပါလက်စတိုင်းဘက်တွင် လူပေါင်း အနည်းဆုံး ၁၉၈ ဦး သေဆုံးခဲ့ပြီး သေဆုံးသူများအနက် ကလေးငယ် ၅၈ ဦး နှင့် အမျိုးသမီး ၃၅ ဦး ပါဝင်ကာ လူပေါင်း ၁,၃၀၀ ဒဏ်ရာရရှိခဲ့ရကြောင်း သိရှိရသည်။ (Xinhua)

————————————————
(Chinese Version)

(国际)美国政府批准向以色列出售精确制导武器

新华社华盛顿5月17日电(记者刘品然)美国媒体17日报道说,拜登政府本月初通知国会将向以色列出售精确制导武器,部分民主党议员就该军售对目前巴以冲突的影响表示担忧。

《华盛顿邮报》援引消息人士的话报道说,拜登政府本月5日正式通知国会将向以色列出售价值7.35亿美元的精确制导武器,其中包括“联合直接攻击弹药”和GBU-39小直径炸弹。

这篇报道引起部分民主党议员的担忧。民主党众议员伊尔汗•奥马尔当天发表声明说,在巴以冲突升级情况下,拜登政府不附加任何条件向以色列提供精确制导武器,令人震惊。奥马尔说,这笔军售若完成将被视作为巴以冲突持续升级“开绿灯”,并破坏一切促成停火的努力。
依据美国法律,国会在正式得到该军售通知后有15天的窗口期反对,而目前所剩的天数已不足以完成相关程序。美媒表示,国会试图阻止这笔军售的窗口期已几乎结束。

拜登17日在与以色列总理内塔尼亚胡通话时首次表态支持巴以双方实现停火,并表示以色列应尽一切努力保护无辜平民,但他同时重申对以色列自卫权的坚定支持。

连日来,巴勒斯坦加沙地带武装组织与以色列的严重冲突持续升级。以色列国防军和加沙地带卫生部门17日发布的数据显示,10日以来双方冲突已致以方10人死亡、百余人受伤,巴方至少198人死亡,其中包括58名儿童和35名妇女,另有1300人受伤。(完)

Photo
5月14日,巴勒斯坦人在加沙地带拜特哈嫩查看以军空袭后的建筑。新华社发(里泽克•阿卜杜勒•贾瓦德摄)