လော့စ်အိန်းဂျလိစ် ၊ အောက်တိုဘာ ၁၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီယေဂိုမြို့တွင် အောက်တိုဘာ ၁၅ ရက် ညနေပိုင်းက ထရပ်ကားတစ်စီးသည် ကော်ရိုနာဒို တံတားပေါ်မှ တံတားအောက်ရှိ လူအုပ်ထဲသို့ပြုတ်ကျမှု ဖြစ်ပွားခဲ့ရာ လူလေးဦးသေဆုံးပြီး အများအပြားဒဏ်ရာရ သွားကြောင်း သိရသည်။
မက္ကဆီကိုစီးတီး ၊အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) ဟေတီနိုင်ငံ၌ မက်သူးဟာရီကိန်းမုန်တိုင်းဒဏ်ကြောင့် အနည်းဆုံး လူပေါင်း ၂၆၄ ဦးထိ သေဆုံးသွားပြီးဖြစ်ကြောင်း နှင့် ၎င်းမုန်တိုင်းမှာ ဘဟာမား နှင့် အမေရိကန်နိုင်ငံသို့ဦးတည် ဝင်ရောက်လျက် ရှိကြောင်း သိရသည်။
ဟူစတန် ၊ စက်တင်ဘာ ၂၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟူစတန်မြို့အနောက်တောင်ပိုင်း၌ စက်တင်ဘာ ၂၆ ရက် နံနက်အစောပိုင်းတွင် မော်တော်ယာဉ်များအား သေနတ်သမားတစ်ဦးက လက်နက်အမျိုးမျိုးဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ရာ လူ ၉ ဦးထိခိုက်ဒဏ်ရာရသွားကြောင်း သိရသည်။
ဆန်ဖရန်စစ္စကို ၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အနောက်မြောက်ဘက် ဝါရှင်တန်ပြည်နယ် ၊ ဆီတဲလ်မြို့ရှိ ကုန်တိုက်တစ်ခု၌ စက်တင်ဘာလ ၂၃ ရက် ညပိုင်းက သေနတ်သမား၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူ ၄ဦးသေဆုံးသွားကြောင်း သိရသည်။
ဆန်ဖရန်စစ္စကို ၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) ရောဂါဘယအားလုံးကို ကြိုတင်ကာကွယ်ခြင်း နှင့် အမြစ်ပြတ်ကုသခြင်း တို့ကို ၂၁ ရာစုနှစ်တွင် အဆုံးသတ်လုပ်ဆောင်နိုင်ရန် လာမည့် ၁ဝ နှစ်အတွင်း ဆေးသုတေသနလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၃ ဘီလီယံကို ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း Facebook အမှုဆောင်အရာရှိချုပ် ဇူကာဘတ်၏ ဇနီးဖြစ်သူ...
လောစ့်အိန်ဂျလိစ် ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) ကမ္ဘာကျော် အော်စကာဆုရှင် ဟောလိဝုတ်မင်းသမီး အင်ဂျလီနာဂျိုလီသည် စက်တင်ဘာလ ၁၉ ရက်တွင် ခင်ပွန်းဖြစ်သူ မင်းသား ဘရက်ထံ ကွာရှင်းခွင့်တောင်းလိုက်ပြီဖြစ်ရာ ဟောလီဝုဒ်ရုပ်ရှင်လောက၏ အကျော်ကြားဆုံး လင်မယားစုံတွဲသည် လမ်းခွဲကြရန် အကြောင်းဖန်လာပြီဖြစ်သည်။
နယူးယောက် ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ စက်တင်ဘာလ ၁၇ ရက်ကဖြစ်ပွားခဲ့သော ပေါက်ကွဲမှုအတွင်း ဒဏ်ရရှိခဲ့သူ ၂၉ ဦးစလုံးသည် ဆေးရုံမှ ဆင်းသွားကြပြီဖြစ်ကြောင်း နယူးယောက်မြို့တော်ဝန် Bill de Blasio က စက်တင်ဘာလ ၁၈ ရက်တွင်ပြုလုပ်ခဲ့သည့် ပေါက်ကွဲမှုဖြစ်စဉ်...
ဝါရှင်တန် ၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) အမေရိကန်သမ္မတရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း သတင်းမီဒီယာများအပေါ် အမေရိကန်နိုင်ငံသားများ၏ ယုံကြည်မှုမှာ ကျဆင်းလျက်ရှိကြောင်း ပြီးခဲ့သော ရက်သတ္တပတ်က ပြုလုပ်ခဲ့သည့် စစ်တမ်းများအရ သိရသည်။
ဝါရှင်တန် ၊ စက်တင်ဘာ၁၆ ရက်(ဆင်ဟွာ) ဘက်ထရီပေါက်ကွဲခြင်း နှင့် မီးလောင်းကျွမ်းခြင်း များရှိနေကြောင်း တိုင်ကြားစာဒါဇင်ပေါင်းများစွာ လက်ခံရရှိပြီးနောက် အမေရိကန်အစိုးရသည် ဆမ်ဆောင်းကုမ္ပဏီထုတ် Galaxy Note 7 စမတ်ဖုန်းများကို စက်တင်ဘာလ ၁၅ ရက်တွင် တရားဝင်ပြန်လည် သိမ်းဆည်းနေပြီဖြစ်ကြောင်း သိရသည်။
ဝါရှင်တန် ၊ စက်တင်ဘာလ ၁၅ ရက် (ဆင်ဟွာ) ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံသူမရှိသဖြင့် လက်ရှိဥက္ကဋ္ဌ Jim Yong Kim သည် ဒုတိယသက်တမ်းကို ဆက်လက် တာဝန်ယူ ထမ်ဆောင်ခွင့် ရသွားပြီဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က စက်တင်ဘာလ ၁၄ ရက်တွင် ထုတ်ဖော်ကြေညာလိုက်သည်။