Connect with us

North America

မက္ကဆီကိုနိုင်ငံ ရွေးကောက်ခံ သမ္မတက ရာထူးအပ်နှင်းပွဲသို့ အမေရိကန်နိုင်ငံ သမ္မတ ထရမ့်အား ဖိတ်ကြားမည်ဟု ပြောကြား

မက္ကဆီကိုနိုင်ငံ ရွေးကောက်ခံသမ္မတ Andres Manuel Lopez Obrador အားတွေ့ရစဉ် (ဆင်ဟွာ)

မက္ကဆီကိုစီးတီး၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ ရွေးကောက်ခံသမ္မတ Andres Manuel Lopez Obrador က ဒီဇင်ဘာလတွင် ပြုလုပ်မည့် ၎င်း၏ ရာထူးအပ်နှင်းပွဲသို့ အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်အား ဖိတ်ကြားသွားမည် ဖြစ်ကြောင်း ဇူလိုင်လ ၅ ရက်တွင် ပြောကြားလိုက်သည်။

တင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များအား ပြောကြားရာတွင် မက္ကဆီကိုနိုင်ငံနှင့် အမေရိကန်နိုင်ငံ ဆက်ဆံရေး အရေးပါပုံကို Lopez Obrador က မီးမောင်းထိုးပြလိုက်သည်။“ကျွန်တော်တို့ သူ့ (ထရမ့်) ကို ဖိတ်ကြားသွားမှာပါ။ ကျွန်တော်တို့က အိမ်နီးချင်းနိုင်ငံတွေဖြစ်ပြီး စီးပွားရေးနဲ့ ကုန်သွယ်ရေးဆက်ဆံမှုများရှိသလို ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးလည်း ရှိပါတယ်။ ပြီးတော့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု အများကြီး ဂရုတစိုက် လုပ်ဆောင်ရဦးမှာပါ” လို့ ၎င်းက ပြောကြားခဲ့သည်။ (Xinhua)