ဝါရှင်တန် ၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဘာသာပြန် / စိုးမိုး အမေရိကန်နိုင်ငံ ကလေးသူငယ်ကျန်းမာရေးဆိုင်ရာ သိပ္ပံလေ့လာမှုအကယ်ဒမီနှင့် ကလေးဆေးရုံတို့မှ နောက်ဆုံးထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် COVID-19 ရောဂါ စတင်ဖြစ်ပွားချိန်မှစတင်၍ အမေရိကန်နိုင်ငံတွင် ကလေးငယ်ပေါင်း ၁.၆၄ သန်းခန့် ရောဂါ ကူးစက်ခံခဲ့ရကြောင်း ၊ ဒီဇင်ဘာ...
ဝါရှင်တန်၊ဒီဇင်ဘာ၁၅ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်
နယူးယောက် ၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံနယူးယောက်မြို့ မန်ဟက်တန်ရှိ ဘုရားကျောင်းတစ်ခု၌ ယနေ့ ဒီဇင်ဘာ ၁၃ ရက်(ဒေသစံတော်ချိန်)တွင် ခရစ်စမတ်ဖျော်ဖြေပွဲတစ်ခုကျင်းပပြုလုပ်နေစဉ် သေနတ်သမားတစ်ဦးက လူအုပ်အနီးပစ်ခတ်မှုကျူးလွန်ခဲ့ရာ ယင်းသေနတ်သမားအား ရဲတပ်ဖွဲ့က အသေပစ်ခတ် ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ဝါရှင်တန်၊ ဒီဇင်ဘာ ၁၀ ရက် ဘာသာပြန် – ခေါန်ရိန် COVID-19 ကပ်ရောဂါမှ ပြန်လည်နာလန်ထူလာသည့် ကုန်သွယ်ရေးအချက်အလက်များအရ တရုတ်နိုင်ငံသည် ကပ်ရောဂါကြောင့် ကမ္ဘာ့ကုန်သွယ်ရေးကို နှောင့်နှေးစေသည့်ကြားမှ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးတွင် ရှေ့ဆက်တိုးတက်လျက်ရှိကြောင်း Fortune မဂ္ဂဇင်းက ဒီဇင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန်၊ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံ ဝစ္စကွန်းဆင်းပြည်နယ်ရှိ အမျိုးသားသစ်တောကြိုးဝိုင်းတစ်ခုထဲသို့ ဒီဇင်ဘာ ၉ ရက်က F-16 ဂျက်တိုက်လေယာဉ်တစ်စင်းပျက်ကျခဲ့ကြောင်း နှင့် ယင်းတိုက်လေယာဉ်မှူးအား ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များ၏ ပြောကြားချက် အရ သိရသည်။
ဝါရှင်တန်၊ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံရွေးကောက်ခံသမ္မတဂျိုးဘိုင်ဒန်က အငြိမ်းစားဗိုလ်ချုပ်ကြီးအော်စတင်း(Lloyd Austin) အား ၎င်း၏ ကာကွယ်ရေးဝန်ကြီးအဖြစ် ဒီဇင်ဘာ ၈ ရက်တွင် အမည်စာရင်းထုတ်ဖော်ကြေညာခဲ့သည်။
ဝါရှင်တန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အမေရိကန်နိုင်ငံ Smithsonian ၏ အမျိုးသားတိရစ္ဆာန်ဥယျာဉ်သည် တရုတ်နိုင်ငံ တောရိုင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးအသင်းနှင့် ပန်ဒါကြီးမျိုး သုတေသနပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို သက်တမ်းတိုးလိုက်ကြောင်း ဒီဇင်ဘာ ၇ ရက်တွင် ကြေညာခဲ့သည်။
ဝါရှင်တန် ၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့် က ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းအချိန်မှစ၍ ဆိုမာလီယာ နိုင်ငံတွင် နေရာချထားသည့် အမေရိကန်တပ်ဖွဲ့ဝင်အများစု နှင့် လက်နက် ကိရိယာများကို ပြန်လည် ရုပ်သိမ်းသွားမည်ဟု အမိန့်ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက...
ဝါရှင်တန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အမေရိကန်နိုင်ငံ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်က ၎င်းအနေဖြင့် သမ္မတတာဝန်ရယူပြီးနောက် ပထမရက် ၁၀၀ အတွင်း အမေရိကန်နိုင်ငံသားများကို နှာခေါင်းစည်းတပ်ဆင်ရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ပြီးခဲ့သည့်နှစ် ဒီဇင်ဘာတွင် အမေရိကန်၌ ကိုရိုနာဗိုင်းရပ်စ် ရှိနေခြင်း ဖြစ်နိုင်သည်ဟု သုတေသီများက လေ့လာတွေ့ရှိခဲ့ကြောင်းနှင့် ရုရှားနိုင်ငံတွင် တစ်ရက်အတွင်း သေဆုံးလူနာအရေအတွက် စံချိန်တင် မြင့်တက်ခဲ့ကြောင်း ဒီဇင်ဘာ ၂ ရက်အထိ ရရှိသည့် သတင်းများအရ သိရသည်။