Connect with us

North America

အမေရိကန်နိုင်ငံ Maui ကျွန်း မီးလောင်မှုက နှစ်ပေါင်း ၁၀၀ အတွင်း အကြီးကျယ်ဆုံးဖြစ်၊ လူသေဆုံးမှု ပိုမိုမြင့်တက်နိုင်ဟုခန့်မှန်း

အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ် Maui ကျွန်းတွင် မီးလောင်မှုဖြစ်ပွားမှုအတွင်း နေအိမ်ပျက်စီးမှုများကို ၂၀၂၃ ခုနှစ် ဩဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- County of Maui/Handout via Xinhua)

လော့စ်အိန်ဂျလိစ်၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ် Lahaina ၊ Pulehu နှင့် Upcountry Maui နေရာများတွင် ဟာရီကိန်းမုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်၍ တောမီးလောင်ကျွမ်းမှုဖြစ်ပွားပြီး ၅ ရက်အကြာ၌ ဩဂုတ် ၁၂ ရက်အထိ သေဆုံးသူ ၉၃ ဦးရှိပြီဟု အတည်ပြုနိုင်ခဲ့ကြောင်း Maui ကောင်တီက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ် Maui ကျွန်းတွင် မီးလောင်မှုဖြစ်ပွားမှုအတွင်း နေအိမ်ပျက်စီးမှုများကို ၂၀၂၃ ခုနှစ် ဩဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- County of Maui/Handout via Xinhua)

အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ် Maui ကျွန်းတွင် မီးလောင်မှုဖြစ်ပွားမှုအတွင်း နေအိမ်ပျက်စီးမှုများကို ၂၀၂၃ ခုနှစ် ဩဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- County of Maui/Handout via Xinhua)

အဆိုပါ မီးလောင်မှုမှာ နှစ်ပေါင်း ၁၀၀ အတွင်း အမေရိကန်သမိုင်းတွင် အဆိုးဝါးဆုံးဖြစ်ကြောင်း သိရသည်။

မီးလောင်မှုကြောင့် လူပေါင်း ထောင်နှင့်ချီ၍ ရွှေ့ပြောင်းခဲ့ရပြီး အဆောက်အအုံ ၂,၂၀၀ ကျော် ပျက်စီးခဲ့ကြောင်း ပစိဖိတ် ဘေးအန္တရာယ်ဆိုင်ရာစင်တာ (PDC) နှင့် ဖက်ဒရယ် အရေးပေါ်စီမံခန့်ခွဲမှုအေဂျင်စီ (FEMA) က ဩဂုတ် ၁၂ ရက် အစောပိုင်းက ထုတ်ပြန်ခဲ့သော ပျက်စီးဆုံးရှုံးမှုအကဲဖြတ်မှု၌ ဖော်ပြထားသည်။ ၁၈၂၀ ပြည့်နှစ်မှ ၁၈၄၅ ခုနှစ်အထိ ဟာဝိုင်ယီ မြို့တော်ဖြစ်ခဲ့သော သမိုင်းဝင် Lahaina မြို့သည်လည်း အလုံးစုံမီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

Lahaina မြို့သည် Maui ကျွန်းတွင် ခရီးသွားဧည့်သည်အများဆုံး လာရောက်သောနေရာများအနက် တစ်ခုဖြစ်သည်။ ထိုမြို့တွင် ဒေသခံ ၁၂,၀၀၀ ကျော်နေထိုင်ကြပြီး နှစ်စဉ် ခရီးသွားဧည့်သည် ၂ သန်း လာရောက်ကြကာ Maui ကျွန်းခရီးသွားလုပ်ငန်း၏ ၈၀ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Maui Island burnt in U.S. deadliest wildfire in over 100 years, more deaths predicted

LOS ANGELES, Aug. 13 (Xinhua) — Five days after the devastating hurricane-driven wildfires dubbed Lahaina, Pulehu and Upcountry Maui Fires, 93 people have been confirmed dead as of Saturday, according to the Maui County.
The deadliest fire in American history over the last 100 years.
Thousands of people have been displaced, and more than 2,200 structures have been destroyed, showed the damage assessment released by the Pacific Disaster Center (PDC) and the Federal Emergency Management Agency (FEMA) early Saturday. The historic town of Lahaina, which was the capital of the Kingdom of Hawaii from 1820 to 1845, was totally burned down to the ground.
Lahaina is also one of the best attractions in Maui. The town with over 12 thousand residents was visited by two million travellers annually, accounting for approximately 80 percent of Maui tourism.
Photo 1, 2, 3 – This photo released by County of Maui on Aug. 10, 2023 shows houses destroyed in a devastating wildfire on Maui Island, Hawaii, the United States. (County of Maui/Handout via Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.