Connect with us

North America

အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား၊ လူ ၄ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိ

ပေကျင်း၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ် ဖီလာဒဲလ်ဖီးယားမြို့တွင် ဇူလိုင် ၃ ရက် ညပိုင်းက သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ အချင်းဖြစ်ပွားမှုကြောင့် လူ ၄ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်သော သံသယတရားခံအား ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။

သေနတ်ပစ်ခတ်မှုသည် ဖီလာဒဲလ်ဖီးယားမြို့ Kingsessing ရပ်ကွက် တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ရာ လူငယ် ၂ ဦးအပါအဝင် လူအချို့ သေနတ်ထိမှန်ခဲ့ကြောင်း Philadelphia Inquirer ၏ သတင်းများအရ သိရသည်။ ကျည်ကာဝတ်စုံဝတ်ထားသော အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး အချင်းဖြစ်နေရာအနီးရှိလမ်းတွင် ရိုင်ဖယ်တစ်လက်နှင့်ပစ္စတိုတစ်လက် တွေ့ရှိရကြောင်း သိရသည်။

ဖီလာဒဲလ်ဖီးယားမြို့၌ သေနတ်ပစ်ခတ်မှုမဖြစ်ပွားမီ တစ်ရက်အလိုတွင် မေရီလန်းပြည်နယ် ဘော်လ်တီမိုးမြို့ လမ်းမတွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ လူ ၂ ဦးသေဆုံးပြီး ၂၈ ဦး ဒဏ်ရာရရှိခဲ့သည်။

အမေရိကန် လူဦးရေ သန်း ၃၃၀ ခန့်တွင် အရပ်ဘက်သုံး သေနတ်အရေအတွက် သန်း ၄၀၀ ကျော် ရှိရာ သေနတ်နှင့်ဆက်စပ်ဖြစ်ပွားသော အကြမ်းဖက်မှုသည် အမေရိကန်လူမှုအသိုက်အဝန်း၌ ပုံမှန် ဖြစ်ပွားလျက် ရှိသည်။ အမေရိကန်နိုင်ငံ၌ ယခုနှစ်အတွင်း ဇူလိုင် ၃ ရက်အထိ အနည်းဆုံး လူ ၄ ဦး သေဆုံး၊ ဒဏ်ရာရသည့် လူအစုလိုက်သေနတ်ပစ်ခတ်မှု ၃၃၉ ခု ဖြစ်ပွားခဲ့ကြောင်း Gun Violence Archiveဝက်ဘ်ဆိုက်၏ ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။ (Xinhua)

………………………………………….

(Chinese Version)

美国费城发生枪击 致4死4伤

新华社北京7月4日电 美国宾夕法尼亚州费城3日晚间发生一起枪击事件。警方确认枪击造成4人丧生、4人受伤,嫌疑人已被抓获。

据《费城问询报》报道,枪击发生在费城西南部金赛辛区,包括两名青少年在内多人中枪。警方抓到一名身着防弹背心的男子,并在事发地点附近街巷发现一支步枪和一支手枪。

费城枪击事件发生前一天,马里兰州巴尔的摩市发生街头枪击,导致两人死亡、28人受伤。

美国人口约3.3亿人,民间枪支保有量却超过4亿支,涉枪暴力已成为美国社会生活“常态”。美国“枪支暴力档案”网站数据显示,截至3日,美国今年以来已发生339起造成至少4人死伤的群体性枪击事件。(蒋国鹏)

  1. 这是2021年4月13日拍摄的美国华盛顿国家广场草坪上摆放的白色绢花,以纪念在全美枪击事件中丧生的人们。新华社记者刘杰摄