လော့စ်အိန်ဂျလိစ် ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ လောစ့်အိန်ဂျလိစ်မြို့အနီးရှိ အဓိက ဆိပ်ကမ်းတစ်ခု၌ သြဂုတ်လ ၇ ရက်တွင် ကုန်တင်သင်္ဘောတစ်စင်းပေါ်မှ ဓာတုပစ္စည်းများ ယိုစိမ့်မှုဖြစ်ပွားခဲ့ရာ သင်္ဘောသား ၁၂ ဦး နှင့် မီးသတ်သမားတစ်ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း သိရသည်။
မီလန်၊ သြဂုတ် ၆ ရက် (ဆင်ဟွာ) အီတလီနိုင်ငံ ရဲတပ်ဖွဲ့ က မီလန်မြို့၌ ဗြိတိန်မော်ဒယ်တစ်ဦးအား ပြန်ပေးဆွဲပြီး အင်တာနက်ပေါ်တွင် အမေရိကန်ဒေါ်လာ ၃၀၀,၀၀၀ ဖြင့် ပြန်ရွေးရန် လေလံတင်မည်ဟု ခြိမ်းခြောက်ခဲ့သူကို ဖမ်းဆီးခဲ့ကြောင်း သြဂုတ် ၅ ရက်တွင် ပြောကြားခဲ့သည်။
အစ္စတန်ဘူလ်၊ သြဂုတ် ၆ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ ပင်လယ်နက်ဒေသရှိ Amasya ပြည်နယ် တွင် သြဂုတ် ၅ ရက်က ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ရာ လူ ၆ဦးသေဆုံးပြီး အခြားလူ၃၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာကဖော်ပြခဲ့သည်။
ကိုလံဘို၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) တရုတ်နှင့် သီရိလင်္ကာ နှစ်နိုင်ငံအကြား လွှတ်တော်အချင်းချင်း ဆက်ဆံရေး ပိုမို ခိုင်မြဲစေရန် သီရိလင်္ကာနိုင်ငံ လွှတ်တော်သို့ ခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၂၉၃,၀၀၀ ရှိသော ပစ္စည်းကိရိယာများ တရုတ်နိုင်ငံက လှူဒါန်းခဲ့ကြောင်း သိရသည်။
ခတ္တမန္ဒူ၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) နီပေါနိုင်ငံ အနောက်ပိုင်း ဒိုတီခရိုင်တွင် ကားတိုက်မှုဖြစ်ပွားခဲ့ရာ လူ ၉ ဦး သေဆုံးခဲ့ပြီး အခြားလူ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သြဂုတ်လ ၅ ရက်က ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဒါဗာအိုစီးတီး၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းရှိ နေရာအတော်များများ၌ ပြင်းအား ၅.၄ အင်အားရှိသော ငလျင် တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မြေငလျင်ကျွမ်းကျင်သူများက ပြောသည်။
ဟနွိုင်း၊ သြဂုတ် ၄ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းရှိ တောင်ထူထပ်သော ပြည်နယ် သုံးခု၌ လွန်ခဲ့သည့် သုံးရက်က ရုတ်တရက် ရေကြီးခဲ့သဖြင့် ဒေသခံ ၉ ဦး သေဆုံးခဲ့ပြီး ၂၄ ဦး ပျောက်ဆုံးလျက်ရှိကြောင်း ဗီယက်နမ်နိုင်ငံ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး...
အစ္စလာမ်မာဘတ်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ) တရုတ်-ပါကစ္စတန် စီးပွားရေး စြင်္က ံ (China-Pakistan Economic Corridaor= CPEC) အကောင်အထည်ဖော်ရေးနှင့် CPEC ၏ မူဘောင်အောက်ရှိ စီမံကိန်းများအားလုံး အရှိန်မြှင့် ပြီးစီးစေရန် ကိုယ်တိုင်ကိုယ်ကျ ကြီးကြပ်မည် ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် အသစ်...
ဟိဂ် ၊ သြဂုတ် ၄ ရက် (ဆင်ဟွာ) နယ်သာလန် နိုင်ငံ အစားအသောက်လုံခြုံရေး ဌာန ၏ သြဂုတ်လ ၃ ရက်နေ့၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် အဆိပ်ရှိသော ကြက်ဥ စစ်ဆေးမှု ၌ သံသယ ရှိသော မွေးမြူရေးခြံပေါင်း ၁၈၀ ကို စစ်ဆေးခဲ့ရာတွင်...
ပြုံယမ်း ၊ သြဂုတ် ၄ ရက် (ဆင်ဟွာ) မြောက်ကိုရီးယား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က အမေရိကန် နိုင်ငံ သည် မြောက်ကိုရီးယား နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု အသစ် တစ်ရပ်ဆောင်ရွက်ရန် ကို အတည်ပြုခဲ့ခြင်း သည် နိုင်ငံတကာ ရှူထောင့်မှကြည့်လျင် လက်ခံနိုင်ဖွယ်မရှိသည့်...