Connect with us

Asia

သီရိလင်္ကာနိုင်ငံ၌ ပေါက်ကွဲမှုများအတွင်း သေဆုံးသူ ၂၂၈ ဦး နှင့် ဒဏ်ရာရသူ ၄၅ဝ ဦးထိ ရှိလာ


ကိုလံဘို ၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ၌ ဧပြီ ၂၁ ရက်က ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုများအတွင်း သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်လျှက်ရှိရာ ယခုအခါ သေဆုံး ၂၂၈ ဦး နှင့် ဒဏ်ရာရသူ ၄၅ဝ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ဆေးရုံးသတင်းအရင်းအမြစ်ကို ကိုးကား၍ ပြည်တွင်းသတင်းမီဒီယာက ဖော်ပြခဲ့သည်။

သီရိလင်္ကာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့၏ ထုတ်ပြန်ချက်အရ သေဆုံးသူများထဲတွင် နိုင်ငံခြားသား ၃၂ ဦးပါဝင်ပြီး ၎င်းတို့သည် တရုတ် ၊ အမေရိကန် ၊ ဗြိတိန် နှင့် ဘယ်လ်ဂျီယံ နိုင်ငံသားများဖြစ်ကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံ၌ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဉ်(ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ၌ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဉ်(ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ၌ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဉ်(ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ၌ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဉ်(ဆင်ဟွာ)

ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ လူ ၁၃ ဦးကို ဖမ်းဆီးထားကြောင်း နှင့် စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

သီရိလင်္ကာရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ SP Ruwan Gunasekara က နိုင်ငံအနှံ့တွင် လုံခြုံရေးတိုးမြှင့်ချထားကြောင်း နှင့် ညမထွက်ရ အမိန့်ကိုလည်း ထုတ်ပြန်ထားကြောင်း ပြောကြားခဲ့သည်။

ဖောက်ခွဲမှုကျူးလွန်သူတစ်ဦး၏ မော်တော်ယာဉ်တစ်စီးကို ကိုလံဘိုမြို့တော်တွင် ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်း Gunasekara က ဆက်လက်ပြောကြားခဲ့သည်။

သီရိလင်္ကာကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Ruwan Wijewardene က ကိုလံဘိုမြို့၌ ဖြစ်ပွားခဲ့သော ဗုံးခွဲတိုက်ခိုက်မှုအားလုံးသည် “ အကြမ်းဖက်အုပ်စုများ” မှ အသေခံဗုံးခွဲသမားများက ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ယင်းတိုက်ခိုက်မှုများနောက်ကွယ်တွင် မည်သူပါဝင်ပတ်သက်နေသည်ကို မသိရှိရသေးကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ သီရိလင်္ကာနိုင်ငံ၌ ဧပြီ ၂၁ ရက်တွင် အီစတာပွဲတော်ဆင်နွှဲရန် ခရစ်ယာန်ဘာသာဝင် ရာပေါင်းများစွာ စုဝေး ရောက်ရှိနေသည့် ဘုရားကျောင်းများ နှင့် ဇိမ်ခံဟိုတယ်အချို့တွင် ပေါက်ကွဲမှု ၈ ကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။(Xinhua)