Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းတွင် ကျောက်မီးသွေးတွင်းပြိုကျမှုကြောင့် အသက်ရှူကြပ်ကာ လူ ၈ ဦး သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းရှိ ကျောက်မီးသွေးတွင်း လုပ်ငန်းခွင်တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

Aybak ၊ အာဖဂန်နစ္စတန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ဆမ်မန်ဂန်ပြည်နယ်တွင် ဧပြီလ ၂၁ ရက်က ကျောက်မီးသွေးတွင်း ပြိုကျမှုကြောင့် အလုပ်သမား ၈ ဦးခန့် အသက်ရှူကြပ်ကာ သေဆုံးခဲ့ကြောင်း ဒေသခံတာဝန်ရှိသူက ဧပြီလ ၂၂ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါ အလုပ်သမားများမှာ ပြည်နယ်မြို့တော် Aybak အနောက်ဘက် Dara-i-Suf-i-Bala ခရိုင်ရှိ ကျောက်မီးသွေးတွင်း၌ အလုပ်လုပ်နေစဉ် အဆိပ်ငွေ့ဓာတ်ငွေ့များ စိမ့်ထွက်ကာ ပျံ့နှံ့လာပြီး အသက်ရှူကြပ်၍ ဧပြီလ ၂၁ ရက်ညပိုင်းတွင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ပြည်နယ်ကောင်စီ အကြီးအကဲ ရက်ဇ် မိုဟာမက် (Raz Mohammad) က ဆင်ဟွာသို့ ပြောခဲ့သည်။

ယင်းဖြစ်ရပ်ဖြစ်ပွားပြီးနောက် သေဆုံးသူများ၏ ဆွေမျိုးများထံ အကြောင်းကြားခဲ့ကြောင်း ၎င်းက ပြောသည်။

ယင်းပြည်နယ်ရှိ ကျောက်မီးသွေးတွင်းများသည် လုပ်ငန်းခွင် လုံခြုံစိတ်ချရမှုမရှိခြင်းကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားလျက်ရှိသည်။

ဧပြီလ ၉ ရက်ကလည်း Dara-i-Suf-i-Bala ခရိုင်အနီးတွင် ကျောက်မီးသွေးတွင်း တစ်စိတ်တစ်ပိုင်း ပြိုကျမှုကြောင့် အလုပ်သမား ၆ ဦးသေဆုံးကာ အခြားသူများ ဒဏ်ရာရရှိခဲ့ဖူးကြောင်း သိရသည်။ (Xinhua)