အစ္စလာမ်မာဘတ်၊ မေ ၇ ရက် (ဆင်ဟွာ) အိန္ဒိယစစ်တပ်က မေ ၇ ရက် နံနက်ပိုင်းတွင် ပါကစ္စတန်အား လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ အနည်းဆုံး သေဆုံးသူ ၈ ဦး၊ ဒဏ်ရာရသူ ၃၅ ဦး၊ အခြား ပျောက်ဆုံးသူ ၂ ဦး ရှိပြီ ဖြစ်ကြောင်း...
— လီဗာပူးလ်အသင်းမှ ထွက်ခွာမည်ဟု အလက်ဇန်းဒါး အာနိုး အတည်ပြုခဲ့ပြီး ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ဖွယ်ရှိ လီဗာပူးလ်အသင်း၏ အင်္ဂလန်လက်ရွေးစင် ခံစစ်အစွန်လူ ထရန့် အလက်ဇန်းဒါး အာနိုးမှာ လာမည့်ဇွန်လကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးချိန်၌ အသင်းမှထွက်ခွာမည်ဖြစ်ကြောင်း မေ ၅ ရက်၌ အတည်ပြုပြောဆိုခဲ့သည်။ အလက်ဇန်းဒါး အာနိုးက ထုတ်ပြန်ချက်တစ်စောင်၌ အဆိုပါ...
အယ်လ်မာတီ၊ မေ ၆ ရက် (ဆင်ဟွာ) ကာဇက်စတန် ကတ္တရာစက်ရုံ ထုတ်လုပ်ရေးစွမ်းရည်တိုးချဲ့ပြုပြင်တည်ဆောက်မှုစီမံကိန်း စတင် ထုတ်လုပ်ခြင်း အခမ်းအနားကို မေ ၅ ရက်က ကာဇက်စတန်နိုင်ငံ အနောက်ပိုင်းမြို့ဖြစ်သော အက်ခ်တောင်း၌ ကျင်းပခဲ့သည်။ ကက်စပိန်ကတ္တရာစက်ရုံကို တရုတ်နိုင်ငံ CITIC Construction Co., Ltd. မှ တာဝန်ယူတည်ဆောက်ကာ...
ဘာလင်၊ မေ ၆ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ၏ ကွန်ဆာဗေးတစ်ဝါဒီ CDU/CSU မဟာမိတ်ပါတီနှင့် ဗဟိုလက်ဝဲဝါဒီ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ (SPD) ခေါင်းဆောင်တို့မှာ ညွန့်ပေါင်းဖွဲ့ရေး သဘောတူညီချက်အား မေ ၅ ရက်က လက်မှတ်ရေးထိုးခဲ့သဖြင့် ဖက်ဒရယ်အစိုးရသစ် ဖွဲ့စည်းရန် လမ်းပွင့်သွားပြီဖြစ်သည်။ သီတင်းပတ်များနှင့်ချီကာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် ဧပြီလတွင်...
ခတ္တမန္ဒူ၊ မေ ၆ ရက် (ဆင်ဟွာ) နီပေါ Girija Prasad Koirala ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက နီပေါ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၇၀ ပြည့် နှစ်ပတ်လည်အား ဂုဏ်ပြုသောအားဖြင့် မေ ၅ ရက်တွင် နီပေါနိုင်ငံ မြို့တော် ခတ္တမန္ဒူ၌...
– တရုတ်နိုင်ငံ ပေကျင်းမြို့တွင် မေဒေး အားလပ်ရက်ကာလအတွင်း ခရီးသွားဧည့်သည် ၁၇.၉ သန်းကျော် ဝင်ရောက်ခဲ့ – တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်တွင် ဝေဟင်နိမ့်ခရီးသွားလုပ်ငန်းအစီအစဉ်များက ခရီးသွားဧည့်သည်များအကြား ရေပန်းစားလာ – ရိုမေးနီးယားနိုင်ငံ ဝန်ကြီးချုပ် ရာထူးမှနုတ်ထွက် – ရုရှားနိုင်ငံ မော်စကိုမြို့တွင် မဟာမျိုးချစ်စစ်အောင်ပွဲနေ့ (Victory Day) စစ်ရေးပြချီတက်ပွဲ...
ကုလသမဂ္ဂ၊ မေ ၆ ရက် (ဆင်ဟွာ) ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ၎င်းအနေဖြင့် နှစ်နိုင်ငံ အစိုးရအတွက် စေ့စပ်ညှိနှိုင်းမှုများပံ့ပိုးပေးကာ ငြိမ်းချမ်းရေးမြှင့်တင်သွားလိုကြောင်း မေ ၅ ရက်တွင် အိန္ဒိယနှင့် ပါကစ္စတန် လက်ရှိ အခြေအနေတင်းမာမှုများနှင့်စပ်လျဉ်း၍ ပြောကြားခဲ့သည်။ အိန္ဒိယနှင့် ပါကစ္စတန်အကြား အခြေအနေတင်းမာမှုများသည် နှစ်ပေါင်းများစွာတွင် “အမြင့်ဆုံး” သို့...
ဂျေရုဆလမ်/ဂါဇာ၊ မေ ၆ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ ထိုးစစ်ဆင်မှုအသစ်မှာ ပြင်းထန်မည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက မေ ၅ ရက်၌ သတိပေးခဲ့ပြီး ဂါဇာတွင် ဆင်နွှဲနေသော စစ်ဆင်ရေးကို အရှိန်မြှင့်တင်ရန် ၎င်း၏ လုံခြုံရေးအစိုးရအဖွဲ့က အတည်ပြုခဲ့သည့် စီမံချက်ကို ရည်ညွှန်းပြောဆိုခဲ့သည်။ အစ္စရေး...
အစ္စလာမ်မာဘတ်၊ မေ ၆ ရက် (ဆင်ဟွာ) တောင်အာရှဒေသ၏ နောက်ဆုံးဖြစ်ပွားခဲ့သော အခြေအနေများနှင့်ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ တရားဝင် အကြောင်းကြားရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၅ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ပါကစ္စတန်နိုင်ငံသည် အထူးသဖြင့် အိန္ဒိယ၏ “ကျူးကျော်လာမှုလုပ်ရပ်များ၊ အကြိမ်ကြိမ်အဖန်ဖန် ရန်စမှုများနှင့် လှုံ့ဆော်မှုပြုသော...
— ပရီးမီးယားလိဂ်တွင် ချဲလ်ဆီးက လီဗာပူးလ်ကို အနိုင်ယူခဲ့ပြီး ဥရောပဝင်ခွင့်အတွက် ပိုမိုအကြိတ်အနယ်ရှိလာ မေ ၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ ချဲလ်ဆီးအသင်းက ပူပူနွေးနွေး ချန်ပီယံ လီဗာပူးလ်အသင်း၏ ရမှတ်မလိုတော့သည့် အခြေအနေကို အသုံးချ၍ အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ဂျ်၌ ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ရာ လာမည့်ရာသီအတွက်...