Asia
တရုတ်နိုင်ငံ အလုပ်ရုံမှ အာရှပစိဖိတ်ဒေသ နေအိမ်ဧည့်ခန်းများအထိ ရောက်ရှိပြီး လူကြိုက်များလာသော ကြမ်းပြင်သန့်ရှင်းရေးစက်ရုပ်
ဆိုးလ်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံ မြို့အစွန်ရှိ အကြီးစား ဈေးဝယ်စင်တာတစ်ခုအတွင်း၌ တရုတ်ကုမ္ပဏီတစ်ခု၏ ကြမ်းပြင်သန့်ရှင်းရေးစက် အရောင်းကောင်တာရှေ့တွင် လူများစည်ကားနေသည်။ စက်ရုပ်လက်မောင်းတံပါဝင်သည့် Roborock နည်းပညာအမှတ်တံဆိပ် ကြမ်းပြင်သန့်ရှင်းရေးစက်ရုပ်သည် အများ၏အာရုံကို ဖမ်းစားထားသည်။
အဆိုပါစက်ရုပ်သည် မြေပြင်အတိုင်း တဖြည်းဖြည်းရှေ့သို့ ရွေ့လျားလာပြီး ခြေအိတ်တစ်ခုကို တိကျစွာညှပ်၍လိပ်ကာ ဘေးဘက်ရှိ ပစ္စည်းအစုံထည့်သည့်ပုံးသို့ ရွေ့လျားသွားသည်ကို တွေ့ရသည်။ ခြေအိတ်ကို ဘတ်စ်ကတ်ဘောဂိုးသွင်းသည့်အလား ပုံးထဲထည့်လိုက်သည့်အခိုက်အတန့်တွင် ဘေးပတ်လည်တွင် ကြည့်ရှုနေသူများထံမှ အာမေဍိတ်သံများ ပေါ်ထွက်လာခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ၏ ကြမ်းပြင်သန့်ရှင်းရေးစက်ရုပ်ဈေးကွက်တွင် Roborock နည်းပညာကုမ္ပဏီသည် ဈေးကွက်ပိုင်ဆိုင်မှုပမာဏ ၅၀ ရာခိုင်နှုန်းကျော်ဖြင့် နံပါတ်တစ်နေရာ၌ တည်ငြိမ်စွာရပ်တည်လျက်ရှိပြီး အဆင့်မြင့် အသေးစိတ်ခွဲခြားထားသော ဈေးကွက်တွင်မူ ပိုင်ဆိုင်မှုပမာဏက ၇၀ ရာခိုင်နှုန်းထက်ကျော်လွန်ကြောင်း အမေရိကန် IDC သုတေသနကုမ္ပဏီ၏ အချက်အလက်အရ သိရသည်။
တောင်ကိုရီးယားတွင်သာမက Roborock နည်းပညာ အမှတ်တံဆိပ်သည် အာရှပစိဖိတ်ဒေသ၏ အခြားဒေသများတွင်လည်း လျင်မြန်စွာတိုးချဲ့လျက်ရှိသည်။ ၂၀၂၅ ခုနှစ် ဂျပန်ဈေးကွက်ပိုင်ဆိုင်မှုပမာဏသည် ယမန်နှစ်ထက် ဆတိုးမြင့်တက်လာခဲ့သည်။ ဂျပန် အမေဇုံဝက်ဘ်ဆိုက်၏ အောက်တိုဘာလ အရောင်းမြှင့်တင်ရေးကာလအတွင်း ထုတ်ကုန်များစွာသည် လူကြိုက်များသော ကြမ်းပြင်သန့်ရှင်းရေးစက်ရုပ် စာရင်းတွင် ပါဝင်ခဲ့သည်။ ဩစတြေးလျဈေးကွက်တွင်လည်း ထုတ်ကုန်များစွာက အရောင်းများသော ကြမ်းပြင်သန့်ရှင်းရေးစက်ရုပ် ထိပ်တန်း ၁၀ ခု စာရင်းဝင် ဖြစ်လာခဲ့သည်။
တောင်ကိုရီးယားနှင့် ကီလိုမီတာပေါင်း ၂,၀၀၀ ကျော်ကွာဝေးသည့် တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ဟွေ့ကျိုးမြို့တွင် Roborocok နည်းပညာကုမ္ပဏီ၏ စမတ်ထုတ်လုပ်ရေးစက်ရုံသည် ထိရောက်စွာလည်ပတ်နေပြီး ကြမ်းပြင်သန့်ရှင်းရေးစက်ရုပ်များသည် ကုန်စည်ပို့ဆောင်ရေးစနစ်မှတစ်ဆင့် ကမ္ဘာ့ဒေသအသီးသီးသို့ ပို့ဆောင်လျက်ရှိသည်။
တရုတ်နိုင်ငံ၏ ထုတ်လုပ်ရေးအလုပ်ရုံမှသည် အာရှပစိဖိတ်ဒေသ၏ နေအိမ်ဧည့်ခန်းများအထိ၊ “အိမ်တစ်အိမ်ကို သန့်ရှင်းရေးလုပ်သည်” မှ “တစ်ကမ္ဘာလုံးအား သန့်ရှင်းရေးလုပ်သည်” အထိ တရုတ်အမှတ်တံဆိပ် ကြမ်းပြင်သန့်ရှင်းရေးစက်ရုပ်များသည် ဆန်းသစ်တီထွင်သော ထုတ်ကုန်အင်အားနှင့် တောင့်တင်းသော ထုတ်လုပ်ရေးစွမ်းအားတို့ဖြင့် ပိုမိုများပြားသော ပင်လယ်ရပ်ခြားဒေသ မိသားစုများ၏ လူနေမှုဘဝအဖော်မွန် ဖြစ်လာနေပေသည်။ (Xinhua)

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် အိမ်အတွင်း၌ ကြမ်းပြင်သန့်ရှင်းရေးစက်ရုပ် အသုံးပြုနေသော တောင်ကိုရီးယား အသုံးပြုသူ မင်ပတ်ဟွန်းအား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ဟွေ့ကျိုးမြို့တွင် Roborock နည်းပညာကုမ္ပဏီ တပ်ဆင်ရေးအလုပ်ရုံ၌ ဝန်ထမ်းက ကြမ်းပြင်သန့်ရှင်းရေးစက်ရုပ်အား တပ်ဆင်နေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)



———————
(Chinese Version)
镜头连中外|从中国车间到亚太客厅 扫地机器人出海“圈粉”记
新华社照片,首尔,2025年10月25日
在韩国首尔近郊一家大型购物中心内,一家中国企业的扫地机器人专柜前人头攒动,带有机械臂功能的石头科技品牌扫地机器人吸引了大家的目光。只见机器人沿地面缓缓前行,将一只袜子精准夹起旋转后移至旁边的杂物桶中。袜子“投篮”入桶的瞬间,围观的消费者发出一阵惊叹。
据美国IDC研究公司数据,在韩国扫地机器人市场,石头科技以超过50%的市场份额稳居第一,在高端细分市场的占有率超过七成。
不仅在韩国,石头科技品牌扫地机器人也在亚太其他地区迅速拓展。在日本市场,2025年其占有率较前一年实现翻倍,日本亚马逊网站10月促销期间,多款产品跻身扫地机器人热门榜单。在澳大利亚市场,也有多款产品进入扫地机器人热销榜前十。
在距离韩国2000多公里之外的中国广东省惠州市,石头科技的智能制造工厂高效运转,一台台扫地机器人经由物流系统发往世界各地。从中国车间到亚太客厅,从“扫一屋”到“扫天下”,中国品牌的扫地机器人,正凭借创新的产品力与过硬的制造实力,成为越来越多海外家庭的生活伙伴。
1、10月12日,韩国消费者在首尔近郊的一家大型购物中心内观看扫地机器人演示。新华社记者 姚琪琳 摄
2、10月13日,韩国消费者闵普炫在首尔的家中使用扫地机器人。新华社记者 姚琪琳 摄
3、10月10日,在广东省惠州市,工作人员在石头科技组装车间流水线装配扫地机器人。新华社记者 邓华 摄
