North America
အမေရိကန် အစိုးရယန္တရား ဆက်လက် “ရပ်ဆိုင်း” ၊ လေကြောင်းပို့ဆောင်ရေး စီမံထိန်းချုပ်မှုဝန်ထမ်းများ ခံစားနေရသော ဖိအားမှာ “လက်ခံနိုင်ဖွယ်မရှိ” ဟု ပို့ဆောင်ရေးဝန်ကြီး ဆို
ဝါရှင်တန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)
အမေရိကန် အစိုးရယန္တရား “ရပ်ဆိုင်းမှု” သည် စတုတ္ထမြောက်သီတင်းပတ်သို့ ဝင်ရောက်လာနေပြီဖြစ်သည်။ လေကြောင်းပို့ဆောင်ရေး စီမံထိန်းချုပ်မှုဝန်ထမ်းများ ဆိုးရွားစွာပြတ်လပ်မှုကြောင့် အမေရိကန် ဒေသများစွာမှ လေဆိပ်များတွင် လေကြောင်းခရီးစဉ်များ နှောင့်နှေးမှုနှင့် ဖျက်သိမ်းမှုများ ရှိလာပြီး လေဆိပ်လည်ပတ်မှုကိုလည်း သက်ရောက်မှုရှိလာသည်။ အမေရိကန် ပို့ဆောင်ရေးဝန်ကြီး Sean Duffy က လေကြောင်းပို့ဆောင်ရေး စီမံထိန်းချုပ်မှုဝန်ထမ်းများ လက်ရှိခံစားနေရသောဖိအားသည် “လက်ခံနိုင်ဖွယ်မရှိ” ကြောင်း အောက်တိုဘာ ၂၄ ရက်တွင် သတိပေးပြောကြားခဲ့သည်။
အမေရိကန် လေကြောင်းခရီးစဉ် ခြေရာခံဝက်ဘ်ဆိုက်၏ နောက်ဆုံးအချက်အလက်များအရ အောက်တိုဘာ ၂၃ ရက်တွင် အမေရိကန်နိုင်ငံတစ်ဝန်း၌ အကြောင်းရင်းအမျိုးမျိုးကြောင့် နောက်ကျသွားသည့် လေကြောင်းခရီးစဉ် အရေအတွက်သည် ယခုသီတင်းပတ်အစောပိုင်းတွင် လေယာဉ်ခရီးစဉ်အကြိမ်ရေ ၄,၀၀၀ ကျော်ရှိရာမှာ ၆,၁၅၈ အထိ တိုးတက်လာကြောင်း သိရသည်။
လေကြောင့်ပို့ဆောင်ရေး စီမံထိန်းချုပ်မှုဝန်ထမ်းများ ပြတ်လပ်မှုကြောင့် နယူးယောက်၊ ဝါရှင်တန်၊ နယူးဂျာစီပြည်နယ် စသည့်ဒေသရှိ လေဆိပ်များတွင် လေကြောင်းခရီးစဉ် နှောင့်နှေးမှုများစွာ ဖြစ်ပေါ်ခဲ့ကြောင်း အမေရိကန်နိုင်ငံ ပြည်ထောင်စု လေကြောင်းစီမံခန့်ခွဲမှု ဦးစီးဌာန (FAA) က အောက်တိုဘာ ၂၃ ရက် ညပိုင်းတွင် ပြောကြားခဲ့သည်။ ထိုနေ့ညနေပိုင်းတွင် FAA က နယူးဂျာစီပြည်နယ် Newark လေဆိပ်နှင့် ဟူစတန်မြို့ George Bush လေဆိပ်တို့တွင် မြေပြင်ပျံသန်းမှု ယာယီရပ်တန့်သည့်အမိန့်ကို ချမှတ်ခဲ့သေးသည်။
လာမည့်သီတင်းပတ်တွင် လေကြောင်းပို့ဆောင်ရေး စီမံထိန်းချုပ်မှု ဝန်ထမ်းများ၏ လစာ စာရင်း၌ “သုည အကြီးကြီးတစ်ခု” ပဲ ဖြစ်နေမည်သာဖြစ်ပြီး ထိုအချိန်တွင် ဝန်ထမ်းအလုပ်တက်ရန် ပျက်ကွက်ခြင်း၊ လေဆိပ် ကမောက်ကမဖြစ်ခြင်းနှင့် လေကြောင်းခရီးစဉ် နှောင့်နှေးခြင်း အခြေအနေများသည် ပိုမိုဆိုးရွားလာမည်ဖြစ်ကြောင်း၊ “ကျွန်တော်တို့ရဲ့ လေကြောင်းပို့ဆောင်ရေး စီမံထိန်းချုပ်မှု ဝန်ထမ်းတွေ အခုခံစားနေရတဲ့ ဖိအားက လက်ခံနိုင်ဖွယ်မရှိဘူးလို့ ကျွန်တော်ထင်ပါတယ်” ဟု Sean Duffy က အောက်တိုဘာ ၂၄ ရက်တွင် အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
FAA ၏ လေကြောင်းပို့ဆောင်ရေး စီမံထိန်းချုပ်မှုအကယ်ဒမီသည် သီတင်းပတ်အနည်းငယ်အတွင်း အသုံးပြုရန် အရင်းအနှီးများ ကုန်ဆုံးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် အစိုးရယန္တရား “ရပ်ဆိုင်းမှု” ကြောင့် ကျောင်းမှနုတ်ထွက်ရန်ဆုံးဖြတ်သည့် ကျောင်းသား၊ ကျောင်းသူများ ရှိလာပြီဖြစ်ကြောင်း Sean Duffy က ပြောကြားခဲ့သည်။ ယင်းကြောင့် FAA က ဝန်ထမ်းပြတ်လတ်မှုအား ဖြည့်တင်းပေးရန် လုံလောက်သည့် စီမံထိန်းချုပ်မှုဝန်ထမ်းများ အလုပ်ခန့်အပ်ရာ၌ ပိုမိုခက်ခဲသွားမည်သာဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဝန်ထမ်းလေ့ကျင့်မှုသည် အချိန် နှစ်အနည်းငယ် လိုအပ်ကြောင်းလည်း Sean Duffy က သတိပေးပြောကြားခဲ့သည်။
လစာမဲ့ အလုပ်တက်ရခြင်းကြောင်း လေကြောင်းပို့ဆောင်ရေး စီမံထိန်းချုပ်မှု ဝန်ထမ်းများသည် ကြီးမားသော ဘဏ္ဍာရေးဖိအားများနှင့် ရင်ဆိုင်နေရကြောင်း၊ အချို့က အသက်မွေးရန် အချိန်ပိုအလုပ်များ စတင်လုပ်ကိုင်နေရပြီဖြစ်ကြောင်း၊ ယင်းကြောင့် ၎င်းတို့က လုပ်ငန်းတွင် အပြည့်အဝ အာရုံစိုက်နိုင်ခြင်းမရှိဘဲ လေကြောင်းစနစ်၏ လုံခြုံမှုကိုလည်း ကျဆင်းသွားစေမည်ဖြစ်ကြောင်း အမေရိကန် အမျိုးသား လေကြောင်းပို့ဆောင်ရေး စီမံထိန်းချုပ်သူများ အသင်း (NATCA) ဥက္ကဋ္ဌ Nick Daniels က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
အမေရိကန်သည် ကာလကြာရှည်စွာ လေကြောင်းပို့ဆောင်ရေး စီမံထိန်းချုပ်မှုဝန်ထမ်းများ ပြတ်လပ်သည့် အခက်အခဲနှင့် ရင်ဆိုင်နေရပြီး လေကြောင်းပို့ဆောင်ရေး စီမံထိန်းချုပ်မှုဝန်ထမ်းများက အစိုးရယန္တရား “ရပ်ဆိုင်းမှု” မတိုင်မီကတည်းက မဖြစ်မနေ အချိန်ကျော်လွန်၍ အလုပ်ဆင်းနေရသည်။ အစိုးရယန္တရား ရပ်ဆိုင်းသည့်အချိန်မှစ၍ လေကြောင်းပို့ဆောင်ရေး စီမံထိန်းချုပ်မှုဝန်ထမ်းနှင့် လေဆိပ် လုံခြုံရေး စစ်ဆေးမှုလုပ်ငန်းအား တာဝန်ယူထားသည့် ပို့ဆောင်ရေးလုံခြုံမှုဦးစီးဌာန (TSA) မှ ဝန်ထမ်းပေါင်း ၅၀,၀၀၀ ခန့်သည် လစာမဲ့ အလုပ်လုပ်ကိုင်နေရပြီး ဆေးခွင့်ယူသည့် ဝန်ထမ်းများလည်း တစ်နေ့တခြား ပိုမိုများပြားလာကြောင်း သိရသည်။ (Xinhua)

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် အာလင်တန်ရှိ ရော်နယ်ရေဂင် ဝါရှင်တန် အမျိုးသားလေဆိပ်၌ ရပ်နားထားသော လေယာဉ်များကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————-
(Chinese Version)
美政府“停摆”持续 交通部长称空管员承受的压力“不可接受”
新华社华盛顿10月24日电(记者杨伶 熊茂伶)美国联邦政府“停摆”已进入第四周,空中交通管制人员严重短缺造成多地机场航班延误甚至取消,机场运营也受到影响。美国交通部长达菲24日警告说,空中交通管制人员目前承受的压力“不可接受”。
据美国航班跟踪网站的最新数据,23日,全美因各种原因延误的航班数量从本周早些时候的约4000架次上升至6158架次。美国联邦航空局23日晚表示,空中交通管制人员短缺问题导致纽约、华盛顿、新泽西州等地机场均出现大量航班延误。当天下午,联邦航空局还对新泽西州纽瓦克机场和休斯敦布什机场下达了短暂的“地面停飞”令。
达菲24日在费城举行的新闻发布会上表示,下周,空中交通管制员的工资单上仍然“将是一个大大的零”,预计到时候人员缺勤、机场混乱和航班延误的情况会更加严重。“我认为,我们的空管员目前承受的压力是不可接受的。”
达菲还表示,美国联邦航空局的空中交通管制员学院将在几周内耗尽资金,而且由于“停摆”,已经有学员决定退学。达菲警告说,这只会让联邦航空局更难招聘到足够的管制员来弥补人员短缺,因为人员培训需要数年时间。
美国全国空中交通管理人员协会主席尼克·丹尼尔斯在新闻发布会上说,无薪上岗的空管员承受着巨大财务压力,有些人开始兼职以维持生计。这会导致他们不能全神贯注到工作中,使得航空系统的安全性降低。
美国长期面临空中交通管制人员短缺的难题,许多空管员在政府“停摆”前就已被迫超时上班。自政府关门以来,约1.3万名空中交通管制员和负责机场安检工作的运输安全局约5万名员工被迫无薪工作,请病假的员工日渐增多。(完)
1、这是10月21日在美国华盛顿拍摄的国会大厦和交通信号灯。新华社记者 李睿 摄
2、10月10日,飞机停靠在美国弗吉尼亚州阿灵顿的里根国家机场。新华社记者李睿摄
