မနီလာ ၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေးက နိုင်ငံတွင်းမူးယစ်ဆေးဝါးတိုက်ဖျက်မှု လုပ်ငန်းစဉ်တွင် အကူအညီပေးရန် တရုတ်နိုင်ငံက ကမ်းလှမ်းခဲ့ခြင်းအပေါ် ကျေးဇူးတင်ကြောင်း သြဂုတ်လ ၂ဝ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
အက်ဒစ်အဘာဘာ ၊ သြဂုတ် ၂၁ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက စက်တင်ဘာလတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် G20 ထိပ်သီးဆွေးနွေးပွဲ၌ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အာရုံစူးစိုက်သွားကြရန်နှင့်အတူ ဖွံ့ဖြိုးဆဲနိုင်ငံများအရေးကိုလည်း ဝိုင်းဝန်းစိုးရိမ်ပူပန်ပေးကြရန် အီသီယိုပီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လာရိဖမ် ( La Yifan ) ကသြဂုတ်လ ၁၉ ရက်တွင်ထုတ်ဖော်ပြောကြားလိုက်သည်။
အန်ကာရာ ၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံနှင့် ၆ နှစ်ကြာ ဆက်ဆံရေးခပ်တန့်တန့်ဖြစ်နေခြင်းကို အဆုံးသတ်၍ သံတမန်ဆက်ဆံရေး ပုံမှန်အခြေအနေအတိုင်းပြန်ဖြစ်ရန် တူရကီလွှတ်တော်က သြဂုတ်လ ၂ဝ ရက်က အတည်ပြုခဲ့ကြောင်း Daily Sabah သတင်းတွင်ဖော်ပြထားသည်။
ရီယိုဒီဂျနေရို ၊ သြဂုတ် ၂၁ ရက်(ဆင်ဟွာ) ဘရာဇီးအသင်းသည် ၂ဝ၁၄ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဂျာမနီအသင်းအား ဂိုးပြတ်ရှုံးနိုမ့်ထားခဲ့သည့် အရိပ်မည်းကို သြဂုတ်လ ၂ဝ ရက်က ကျင်းပခဲ့သည့် ရီယိုအိုလံပစ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်၌ ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူ၍ ပြန်လည် ချေဖျက်နိုင်ခဲ့ပြီဖြစ်သည်။
ကုလသမဂ္ဂ၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ) စစ်ပွဲများ ကာလရှည် ဖြစ်ပွားနေသည့် ဆီးရီးယားနိုင်ငံ အလက်ပိုမြို့တွင် ပိတ်မိနေသည့် ကလေးငယ် ၁၀၀,၀၀၀ ကျော်ကို အရေးပေါ် ကူညီဆောင်ရွက်မှု ပြုလုပ်ရန် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ (UNICEF) အမှုဆောင် ဒါရိုက်တာ အန်တိုနီ လိပ်ခ်က သြဂုတ်လ...
နယူးဒေလီ၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အလယ်ပိုင်း မတ်ဒ်ဟာ ပရာဒတ်ရှ်ပြည်နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယနေ့ နေအိမ် တစ်လုံး ပြိုကျခဲ့ရာ ကလေးငယ် ၄ ဦး အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ပြီး လူ ၃ ဦး...
ဖနွမ်းပင်၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ၏ နာမည်ကျော် အန်ကော ရှေးဟောင်းအမွေအနှစ် ဥယျာဉ်အတွင်း ပိုကီမွန် ဂိုးဂိမ်း ကစားသူများအား ရှေးဟောင်းအမွေအနှစ်များ မပျက်စီးစေရန် သတိထားစေလိုကြောင်း ကမ္ဘောဒီးယား က သြဂုတ် ၁၉ ရက်တွင် သတိပေးပြောကြားလိုက်သည်။
ရီယို ဒီ ဂျနေးရို၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ) အိုင်းရစ် အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ Patrick Hickey အား အိုလံပစ် လက်မှတ်များ တရားမဝင် ရောင်းချသည့် ဈေးကွက်တစ်ခု ဖြစ်ပေါ်လာစေမှုဖြင့် သြဂုတ်လ ၁၉ ရက်တွင် ရီယို ဒီ ဂျနေးရို မြို့၌...
နယူးဒေလီ၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဆက်ရှ်မာ ဆွာရက်ချ် (Sushma Swaraj) သည် လာမည့် ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း၊ အစိုးရသစ် တက်လာပြီးနောက်ပိုင်း နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် သွားခြင်း ဖြစ်ကြောင်း...
ဒါကာ၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) တရုတ် စမတ်ဖုန်း ထုတ်လုပ်သူ ရှောင်မီသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ထိပ်တန်း ဆဲလ်ဖုန်း အော်ပရေတာ ဂရမ်မင်းဖုန်းနှင့် ပထမဆုံး ပူးပေါင်းဆောင်ရွက်မှုအဖြစ် စမတ်ဖုန်း သုံးမျိုးအား မိတ်ဆက်ခဲ့ကြောင်း သိရသည်။