Connect with us

Asia

အိန္ဒိယအနောက်ပိုင်းတွင် တိုက်လေယာဉ်ပျက်ကျမှု ဖြစ်ပွား

အိန္ဒိယလေတပ် မှ Sukhoi အမျိုးအစား တိုက်ဂျက်လေယာဉ်တစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက်ပိုင်း Maharashtra ပြည်နယ်တွင် ဇွန် ၂၇ ရက် က အိန္ဒိယလေတပ်ပိုင် တိုက်ဂျက်လေယာဉ် တစ်စင်း ပျက်ကျခဲ့ကြောင်း ကာကွယ်ရေးသတင်းရင်းမြစ်များကပြောကြားခဲ့သည်။

သတင်းရင်းမြစ်များက အိန္ဒိယနိုင်ငံ လေတပ်ပိုင် Sukhoi SU-31 တိုက်ဂျက်လေယာဉ်တစ်စီး သည် စမ်းသပ်မောင်းနှင်နေစဉ် Nashik ခရိုင် မှ ၂၅ကီလိုမီတာအကွာ Pimpalgaon Baswant မြို့ အနီးရှိ Wavi-Tushi ရွာတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကံကောင်းစွာပင် လေယာဉ်ပေါ်၌ လိုက်ပါလာသော လေယာဉ်မှူး ၂ဦးစလုံး ဘေးကင်းစွာ လွတ်မြောက် သွားခဲ့ကြောင်း သိရသည်။

ကနဦး စုံစမ်းစစ်ဆေးချက်အရ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုတစ်ခုကြောင့် လေယာဉ်သည် Nashik ခရိုင် လေတပ်စခန်းမှ ထွက်ခွာလာပြီးနောက် ပျက်ကျသွားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းလေယာဉ်ပျက်ကျမှုအား စုံစမ်းစစ်ဆေးသွားရန် ညွှန်ကြားထားကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

အဆိုပါလေယာဉ်သည် ရုရှားနိုင်ငံ မှ Sukhoi ကုမ္ပဏီ၏ လိုင်စင်အောက်ရှိ နိုင်ငံပိုင် Hinjustan Aeronautics Limited မှ တည်ဆောက်သော Sukhoi SU-31 တိုက်လေယာဉ်အုပ်စု မှ လေယာဉ်တစ်စင်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယလေတပ်သည် Sukhoi လေယာဉ်များအား ၎င်း၏ လေယာဉ်အုပ်စုအတွင်းသို့ ၁၉၉၀ပြည့်လွန်နှောင်းပိုင်းနှစ်များတွင် ပထမဆုံးထည့်သွင်းအသုံးပြုခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.