Connect with us

Asia

(၁၂)ကြိမ်မြောက် တရုတ်-အာဆီယံ လူမှုဖွံ့ဖြိုးရေးနှင့်ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဖိုရမ် ဖိလစ်ပိုင်တွင် ကျင်းပ

(၁၀)ကြိမ်မြောက် တရုတ်-အာဆီယံ လူမှုဖွံ့ဖြိုးရေးနှင့်ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဖိုရမ် ကျင်းပနေစဉ် (ဓာတ်ပုံ- အင်တာနက်)

မနီလာ ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ)

(၁၂)ကြိမ်မြောက် တရုတ်-အာဆီယံ လူမှုဖွံ့ဖြိုးရေးနှင့်ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဖိုရမ်ကို ဇွန် ၂၇ ရက် က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားကို တရုတ်နိုင်ငံနှင့် အာဆီယံ နိုင်ငံ များမှ အစိုးရအရာရှိများ၊ ကျွမ်းကျင်ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများ နှင့် အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ အပါအဝင် လူပေါင်း ၁၂၀ ကျော် ပါဝင်တက် ရောက်ခဲ့ကြောင်း သိရသည်။

၎င်းဖိုရမ်တွင် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဌာန ဒုတိယ ညွှန်ကြားရေး မှူး မစ္စတာ ချန်ကျစ်ကံက အမှာစကားပြောကြားရာတွင် တရုတ်နိုင်ငံကွန်မြူနစ်ပါတီနှင့် တရုတ်နိုင်ငံ အစိုးရသည် ဆင်းရဲမှုတိုက်ဖျက်ရေး၊ စားဝတ်နေရေးချောင်လည်အောင်စီစဉ်ပေးရေးနှင့် အတူချမ်းသာ ကြွယ်ဝအောင် ဆောင်ရွက်ပေးရေးကို အဓိကအသားပေးလုပ်ဆောင်လျက်ရှိကြောင်း ၊ ပြုပြင်ပြောင်း လဲရေးတံခါးဖွင့်ဝါဒ ကျင့်သုံးပြီး နှစ်ပေါင်း ၄၀ ကာလအတွင်းတွင် လူပေါင်းသန်း ၈၀၀ ကျော်ကို ဆင်းရဲမှုမှလွတ်ကင်းအောင် ဆောင်ရွက်နိုင်ခဲ့ရာ ကမ္ဘာ့ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၏ ၇၀ ရာခိုင်နှုန်း ကျော်ကို အကျိုးဆောင်ပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ၁၈ ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီညီလာခံကျင်းပပြီးသည်မှစ၍ တရုတ်နိုင်ငံ၏ဆင်းရဲနွမ်းပါးမှု သိသိသာသာ လျော့နည်း သွားရာ ကျေးလက်တောရွာများတွင် ဆင်းရဲနွမ်းပါးသော လူဦးရေ ၆၈.၅၃ သန်း လျော့ကျသွားကြောင်း၊ ပြည်သူများ၏စားဝတ်နေရေးမှာလည်း သိသိသာသာချောင်လည်လာပြီး လူနေမှုအဆင့်အတန်းတိုးမြင့် လာကြောင်း၊ ဆင်းရဲနွမ်းပါးသောဒေသများရှိ ကျေးရွာနေပြည်သူများ၏ ဝင်ငွေမှာ ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် တစ်ဦးကို ၁၀.၄ ရာခိုင်နှုန်း တိုးလာကြောင်း ပြောကြားခဲ့သည်။

အနာဂတ်နိုင်ငံတကာ ဆင်းရဲနွမ်းပါးမှုလျော့ချရေးပူးပေါင်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ မစ္စတာ ချန်ကျစ်ကံက ဆင်းရဲနွမ်းပါးမှုပပျောက်ရေးမှာ လူသားမျိုးနွယ်ဖွံ့ဖြိုးတိုးတက်ရေး၏ ဘုံရည်မှန်းချက် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အာဆီယံနိုင်ငံများနှင့်အတူ တစ်လှေတည်းစီးကာ အတူလက်တွဲ ရှေ့ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်ပကူညီထောက်ပံ့မှုများ၊ စံပြစီမံကိန်းများပူးပေါင်း ဆောင်ရွက်မှုများ၊ အတွေ့အကြုံဖလှယ်ခြင်း၊ မွမ်းမံသင်တန်းများပြုလုပ်ခြင်း၊ ပညာရှင်ချင်းဖလှယ်ခြင်း စသည်တို့ဖြင့် ဆင်းရဲနွမ်းပါးမှုကင်းစင်သည့် လူသားမျိုးဖွံ့ဖြိုးရေးကံကြမ္မာတူအသိုက်အဝန်းတစ်ခု တည်ဆောက်ကြမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုကျင်းပသည့်ဖိုရမ်ကို တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဌာနနှင့် ဖိလစ်ပိုင်ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကော်မတီ အတူပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ဇွန် ၂၈ ရက်တွင် ပြီးဆုံးမည်ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.