မိုဆူးလ်၊ အီရတ်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ မိုဆူးလ်မြို့ အရှေ့မြောက်ဘက်ရှိ အိုင်အက်စ်တို့ အဓိက ခြေကုတ်ယူထားသည့် နေရာရှိ ရွာ ၉ ရွာအား အီရတ် ကာ့ဒ် လုံခြုံရေး တပ်ဖွဲ့က သြဂုတ်လ ၁၄ ရက်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကာ့ဒ် လုံခြုံရေး...
ကဘူးလ်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့အလယ်ပိုင်း တွင် သြဂုတ် ၁၅ ရက် က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့၍ အာဖဂန်နိုင်ငံသား ၃ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦးကပြောကြားခဲ့သည်။
စင်ကာပူ ၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ) စင်ကာပူနိုင်ငံသည် ပူပူနွေးနွေး ရီယိုအိုလံပစ်ရွှေတံဆိပ်ဆုရှင်ဂျိုးဇက်စကူးလင်း (Joseph Schooling) အား နိုင်ငံအတွက် စစ်မှုထမ်းခြင်း(National Service)ကို ၂ဝ၂ဝ ပြည့်နှစ် တိုကျိုအိုလံပစ်ပြိုင်ပွဲကျင်းပပြီးသည်အထိ ရွှေ့ဆိုင်းခွင့်ပေးလိုက်ကြောင်း စင်ကာပူနိုင်ငံကာကွယ်ရေးဝန်ကြီး Ng Eng Hen က သြဂုတ်လ ၁၅ ရက်တွင်...
ဒမတ်စကတ်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ နှင့် တူရကီနိုင်ငံကြား သူပုန်များ ထိန်းချုပ်ထားသည့်နယ်စပ်ဒေသ တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့၍ ဆီးရီးယားသူပုန် အယောက် ၃၀ ထက်မနည်းသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ဆယ်ဂဏန်း ရှိကြောင်း တက်ကြွလှုပ်ရှားသူ အဖွဲ့က သတင်းဖော်ပြခဲ့သည်။
ရီယိုဒီဂျနေရို ၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) ရီယိုအိုလံပစ်ပြိုင်ပွဲဝင် တရုတ်အားကစားသမားတစ်ဦးသည် Maria Lenk Aquatics စင်တာ၌ သြဂုတ်လ ၁၄ ရက်က ကျင်းပသည့် ဒိုင်ဗင်ထိုးပြိုင်ပွဲအပြီး ဧည့်ပရိသတ် ထောင်ပေါင်းများစွာရှေ့တွင် ၎င်း၏ချစ်သူအား အချစ်ဇာတ်လမ်းဆန်ဆန် လက်ထပ်ခွင့်တောင်းခံခဲ့ကြောင်းသိရသည်။
အစ္စလာမ်မာဘတ်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံမှ ထိန်းချုပ်ထားသည့် ကက်ရှ်မီးယား ဒေသတွင် သြဂုတ် ၁၄ ရက် ညပိုင်း က မင်္ဂလာဆောင်ပွဲ တစ်ခုသို့လာရောက်သည့် ဧည့်သည်များ လိုက်ပါလာသော ဘတ်စ်ကားတစ်စီး ချောက်ထဲပြုတ်ကျခဲ့၍ လူ၂၂ဦးထက်မနည်းသေဆုံးကာ အခြား လူအယောက် ၅၀ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာများ...
ရီယိုဒီဂျနေရို ၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) ရီယိုအိုလံပစ်ပြိုင်ပွဲ၌ သြဂုတ်လ ၁၅ ရက်က ယှဉ်ပြိုင်ခဲ့သည့် မီတာ ၁ဝဝ အမျိုးသားအပြေးပြိုင်ပွဲတွင် အူစိန်ဘော့သည် ထိပ်ဆုံးမှ ပန်းဝင်ခဲ့ရာ ၎င်းသည် အိုလံပစ်ပြိုင်ပွဲ မီတာ ၁ဝဝ အမျိုးသားပွဲစဉ်၌ သုံးကြိမ်ဆက် ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့သည့် တာတို...
နယူးယောက် ၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ဂျွန်အက်ဖ်ကနေဒီ(JFK) လေဆိပ် စြင်္ကန်တစ်ခုအတွင်း သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းကြောင့် လေယာဉ်ခရီးစဉ်အားလုံးကို ဆိုင်းငံ့ထားလိုက်ကြောင်း ပြည်တွင်းသတင်းဌာနများက သြဂုတ် ၁၄ ရက်တွင် သတင်းဖော်ပြသည်။
ကွာလာလမ်ပူ ၊ သြဂုတ် ၁၄ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ၌ သြဂုတ်လ ၁၁ ရက် နှင့် ၁၂ ရက်များတွင်ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများ၏ တရားခံကိုဖမ်းဆီးနိုင်ရေးအတွက် ဖုန်းခေါ်ဆိုမှုများကို ခြေရာခံစုံစမ်းနိုင်ရန် မလေးရှားနိုင်ငံက ကူညီပေးစေလိုကြောင်း ထိုင်းနိုင်ငံလုံခြုံရေးတပ်ဖွဲ့ဝင်များက တောင်းဆိုလိုက်ကြောင်း Bernama သတင်းဌာနက သြဂုတ် ၁၄ ရက်တွင် ရေးသားဖော်ပြလိုက်သည်။
ဒါကာ၊သြဂုတ်၁၄ ရက်(ဆင်ဟွာ) လှေလုပ်သား ၁၇ ဦး လိုက်ပါသွားသည့် အိန္ဒိယငါးဖမ်းလှေ တစ်စင်းသည် ဘင်္ဂလားပင်လယ်အော်တွင် တိမ်းမှောက်သွားရာ သေဆုံးသူ ၅ဦး နှင့် အသက်ရှင်ကျန်ရစ်သူ ၂ ဦးတို့၏ ခန္ဓာကိုယ် နှင့် ရုပ်အလောင်းများကို ဘင်္ဂလားဒေ့ရှ်ရေတပ်က ဆယ်ယူရရှိထားကြောင်း သြဂုတ် ၁၄ ရက်တွင်ပြောကြားသည်။