မော်စကို ၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) ဆီးရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့ ၏ လေတပ်စခန်း တစ်ခု ဒုံးကျည်များဖြင့် တိုက်ခိုက်မှု ခံခဲ့ရပြီး နောက်တွင် ဧပြီလ ၉ ရက်နေ့၌ ရုရှား နိုင်ငံ အစိုးရ အရာရှိ များက ဆီးရီးယား...
ထီပီလီယာ ၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) အာမေးနီးယား နိုင်ငံ သမ္မတသစ် Armen Sarkissian ၏ ကျမ်းသစ္စာ ကျိမ်ဆို ပွဲ ကို ဧပြီလ ၉ ရက်နေ့ တွင် မြို့တော် Yerevan တွင် ကျင်းပ ပြုလုပ် ခဲ့သည်။
ဂျာကာတာ ၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) အင်ဒိုနီးရှား နိုင်ငံ မြို့တော် ဂျာကာတာ နှင့် အနီးတစ်ဝိုက် ရှိ ဒေသ များတွင် လူအများသေဆုံး စေခဲ့သည့် အရက်တု အဆိပ်သင့်မှု ဖြစ်ပွား ပြီးနောက်တွင် အင်ဒိုနီးရှား နိုင်ငံ Bandung ဒေသတွင် အရက်...
ဘဂ္ဂဒက် ၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) အီရတ် နိုင်ငံ အနောက်ပိုင်း Anbar ပြည်နယ် Haditha မြို့ ၌ ဧပြီလ ၉ ရက်နေ့ နံနက်ပိုင်း အချိန်တွင် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ လုံခြုံရေး ဝန်ထမ်း...
ပြုံယမ်း ၊ ဧပြီ ၁၀ ရက်(ဆင်ဟွာ) တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲကို ဧပြီလ ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်မည် ဖြစ် ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ကျုံအန်း(Kim Jong-un)က ယခုလ ၉ ရက်နေ့တွင် ကျင်းပ သော မြောက်ကိုရီးယားအလုပ်သမားပါတီ(WPK)ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအစည်းအဝေးတွင် ပြောကြားခဲ့သည်။
တီဟီရန် ၊ ဧပြီ ၁၀ ရက်(ဆင်ဟွာ) ဧပြီလ ၉ ရက်နေ့တွင် ဆီးရီယားရှိ လေတပ်စစ်အခြေစိုက်စခန်းတစ်ခု လေကြောင်းဖြင့်တိုက်ခိုက်ခံရ သောကြောင့် အီရန် စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ် ၄ ဦး သေဆုံးခဲ့သည်ဟု အီရန်Fars news agency၏ ပြောကြားချက်အရ သိရှိရသည်။ သေဆုံးသူအမည်စာရင်းကို ၎င်းသတင်းအေဂျင်စီက ထုတ်ပြန်ထားသည်။
ဝါရှင်တန် ၊ ဧပြီ ၁၀ ရက်(ဆင်ဟွာ) အမေရိကန်ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗျူရို(FBI) က ဧပြီလ ၉ ရက်တွင် သမ္မတဒေါ်နယ်ထရမ့်၏ ကိုယ်ရေးရှေ့နေဖြစ်သူ Michael Cohen ၏ ရုံးခန်းအား ဝင်ရောက်စီးနင်းပြီး လူကြီးကြိုက် အပြာကားရုပ်ရှင်သရုပ်ဆောင်မင်းသမီးအား ငွေကြေးပေးခဲ့သော ဖြတ်ပိုင်းစာရွက်အပါအဝင် အခြားဆက်စပ်သော စာရွက်စာတမ်းများစွာကို သိမ်းဆည်းရမိခဲ့ကြောင်း အမေရိကန်သတင်းမီဒီယာက ရေးသားဖော်ပြခဲ့သည်။
နယူးဒေလီ၊ ဧပြီ ၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီအနီးတွင် သတင်းထောက် တစ်ဦးသည် ၎င်း၏ နေအိမ်အတွင်းမှာပင် သေနတ်ပစ်ခံရပြီး စိုးရိမ်ဖွယ် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဧပြီလ ၉ ရက်တွင် ပြောကြားလိုက်သည်။
ဒမတ်စကက်စ်၊ ဧပြီ ၉ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အလယ်ပိုင်း ဟုမ်းစ်မြို့ရှိ T-4 လေတပ် အခြေစိုက်စခန်းအား ဧပြီလ ၉ ရက် နံနက်အစောပိုင်းက ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရကာ လူပေါင်းများစွာ သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင် ရုပ်မြင်သံကြားက သတင်းဖော်ပြခဲ့သည်။
လာဂို့စ်၊ ဧပြီ ၉ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားစစ်တပ်က နိုင်ငံအရှေ့မြောက်ပိုင်း ဘော်နိုပြည်နယ် တွင် ပြုလုပ်ခဲ့သော စစ်ဆင်ရေးတစ်ခုအတွင်း ဘိုကိုဟာရမ် စစ်သွေးကြွများ ပြန်ပေးဆွဲထားသည့် လူ ၁၄၉ဦးကို ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း ဧပြီ ၇ရက် က အတည်ပြုပြောကြားခဲ့သည်။