Connect with us

International Organizations

ကမ္ဘာ့တစ်ဝန်းရှိ အရပ်သားသေနတ်ကိုင်သူ ဦးရေ ၄ဝ ရာခိုင်နှုန်းမှာ အမေရိကန်နိုင်ငံဖြစ်နေ

အမေရိကန်နိုင်ငံ လာစ်ဗီးဂတ်စ်မြို့ ရှိ သေနတ်အရောင်းဆိုင်တစ်ခုအား တွေ့ ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသည် အခြားသောကမ္ဘာ့နိုင်ငံများထက် အရပ်သားသေနတ်ပိုင်ဆိုင်သူဦးရေ အများဆုံးဖြစ်နေကြောင်း ၊ ပြီးခဲ့သော နှစ်က အမေရိကန်နိုင်ငံသား ၄ ရာခိုင်နှုန်းပိုင်ဆိုင်ထားသော သေနတ်အရေအတွက်မှာ ကမ္ဘာ့တစ်ဝန်းရှိ အရပ်သားသေနတ်ကိုင်ဆောင်သူ ဦးရေ၏ ၄ဝ ရာခိုင်နှုန်းအထိ ရှိနေကြောင်း စစ်တမ်းတစ်ခုက ဇွန် ၁၈ ရက်တွင် ဖော်ပြခဲ့သည်။

၂ဝ၁၇ ခုနှစ်က ကမ္ဘာတစ်ဝန်းရှိ အရပ်သားများလက်ထဲတွင် ရှိသော သေနတ်အရေအတွက် ၈၅၇ သန်း အနက် အမေရိကန်နိုင်ငံ၌ ၃၉၃ သန်းရှိနေကြောင်း ၊ အခြားသော အရပ်သား သေနတ်ကိုင်ဆောင်သူဦးရေ ထိပ်တန်း ၂၅ နိုင်ငံ၏ စုစုပေါင်းပမာဏထက် ပိုများနေကြောင်း ဂျီနီဗာအခြေစိုက် လက်နက်စောင့်ကြည့်လေ့လာရေး အဖွဲ့၏ နောက်ဆုံးအစီရင်ခံစာတွင် ဖော်ပြထားသည်။

အမေရိကန်နိုင်ငံအရပ်သားများထဲတွင် သေနတ်ကိုင်ဆောင်သူဦးရေသည် လျင်မြန်စွာတိုးတက်နေပြီး လွန်ခဲ့သော ၅ နှစ်တာကာလအတွင်း နှစ်စဉ် သေနတ်အရေအတွက် ၁၄ သန်းခန့်တိုးလာနေကြောင်း ဇွန် ၁၈ ရက်တွင် ပြုလုပ်သည့် အသေးစား နှင့် အပေါ့စား လက်နက်များဆိုင်ရာ ပြန်လည်သုံးသပ်ရေးညီလာခံအပြီး ပြုလုပ်သော လေ့လာစောင့်ကြည့်ရေးဆိုင်ရာ စာအုပ်ရေးသားထုတ်ဝေနေသည့် Aeron Karp ၏ သတင်းစာရှင်းလင်းပွဲအရ သိရသည်။

လက်နက်ပိုင်ဆိုင်မှု အရေအတွက်နှုန်းထားတွင် အမေရိကန်နိုင်ငံသား ၁ဝဝ လျှင် သေနတ်ပေါင်း ၁၂၁ လက်ကိုင် ပိုင်ဆိုင်ထားကြောင်း ၊ ယီမင်က ၅၃ လက် နှင့် မွန်တီနီဂရိုးက ၃၉ လက် ဖြင့် အသီးသီး ရပ်တည်နေကြောင်း စစ်တမ်းက ဆိုသည်။ အင်ဒိုနီးရှား နှင့် ဂျပန်နိုင်ငံသား ၁ဝဝ လျှင် သေနတ်အနည်းဆုံး တစ်လက်အောက် ပိုင်ဆိုင်ထားကြောင်း သိရသည်။

၂ဝ၁၇ ခုနှစ်တွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် သေနတ်ရောင်းဝယ်ဖောက်ကားမှုသည် တစ်ဘီလီယံ ရှိကြောင်း ၊ ၈၅၇ သန်းမှာ အရပ်သားများ၏ လက်ထဲတွင်ရှိကြောင်း ၊ ၁၃၃ သန်း (၁၃ ရာခိုင်နှုန်း) မှာ စစ်ဘက်တွင်ဖြစ်ကြောင်း နှင့် ၂၃သန်း ( ၂ ရာခိုင်နှုန်း) မှာ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများက ပိုင်ဆိုင်ထားကြောင်း သိရသည်။

အရပ်သား လက်နက်ပိုင်ဆိုင်မှုတွင် “ လုပ်သေနတ်များ ၊ စက်ရုံထုတ် သေနတ်များ ၊ ရိုင်ဖယ်များ ၊ ပစ္စတိုသေနတ်များ နှင့် အချို့နိုင်ငံများတွင် စက်သေနတ်များအထိ ” ပိုင်ဆိုင်နေကြကြောင်းလည်း စစ်တမ်းက ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.