အစ္စလာမ်မာဘတ်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Quetta မြို့ရှိ ဆေးရုံ တစ်ခု၌ သြဂုတ်လ ၈ ရက် နံနက်ပိုင်းက ပေါက်ကွဲ မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၃၀ ဦး သေဆုံးခဲ့ပြီး လူ ၅၀ ဦး...
ဆန်ဖရန်စစ္စကို၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တွင် သြဂုတ်လ ၆ ရက် က လေထီးခုန်သမား နှစ်ဦးသည် နှစ်ယောက်တွဲလေထီးခုန်ခြင်း ပြုလုပ်ခဲ့ရာ မြေပြင်သို့ ရောက်ခါနီး၌ လေထီးမပွင့်ခဲ့၍ သေဆုံးခဲ့ရကြောင်း အာဏာပိုင်များက ဆိုသည်။
မက္ကဆီကို စီးတီး ၊ သြဂုတ် ၈ ရက်(ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ၌ သြဂုတ် ၇ ရက်တွင် အပူပိုင်းမုန်တိုင်းတိုက်ခတ်မှုဒဏ်ကြောင့် အနည်းဆုံး လူပေါင်း ၃၈ ဦးသေဆုံးကြောင်း အာဏာပိုင်များက ပြောကြားသည်။
ရီယိုဒီဂျနေရို ၊ သြဂုတ် ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ အလေးမအားကစားသမား Long Qingquan သည် ဘရာဇီးနိုင်ငံ၌ ကျင်းပနေသည့် အိုလံပစ်ပြိုင်ပွဲ၏ အမျိုးသား ၅၆ ကီလိုတန်း အလေးမပြိုင်ပွဲတွင် စုစုပေါင်း အလေးချိန် ၃ဝ၇ ကီလိုဂရမ်ဖြင့် ကမ္ဘာ့စံချိန်သစ်တစ်ရပ်ကို တင်နိုင်ခဲ့ရာ အိုလံပစ်ပြိုင်ပွဲတစ်လျှောက် ၎င်း၏ ဒုတိယမြောက်ရွှေတံဆိပ်တစ်ခုကို...
နယူးယောက် ၊ သြဂုတ် ၇ (ဆင်ဟွာ) ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံထွက်ခွာခဲ့ပြီးနောက်ပိုင်း ပြုလုပ်သော စစ်တမ်းများအရ နယူးယောက်မြို့သည် လန်ဒန်မြို့ကို ကျော်ဖြတ်၍ လူနေထိုင်မှုစရိတ် ကမ္ဘာ့ဈေးအကြီးဆုံး မြို့တော်အဖြစ် ရှေ့ဆုံးတွင် ရပ်တည်နေကြောင်း သိရသည်။
တိုရွန်းတို၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံ ဟမ်မယ်လ်တန်မြို့ တွင် အိမ်များမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့၍ လူ ၃ဦးသေဆုံးပြီး ၇ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေး တာဝန်ရှိသူများက သြဂုတ် ၆ ရက် တွင် ပြောကြားသည်။
နယူးဒေလီ ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ ၊ မွန်ဘိုင်းမြို့၌ သြဂုတ်လ ၇ ရက် နံနက်ပိုင်းက နှစ်ထပ် အဆောက်အအုံ တစ်လုံးပြိုကျမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ နှစ်ဦးသေဆုံးပြီး ၆ ဦးထက်မနည်းထိခိုက်ဒဏ်ရာရခဲ့ကြောင်း အိန္ဒိယအကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။
ရီယို ဒီဂျနေရို၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) ရီယို ၂၀၁၆ အိုလံပစ် မြင်းပြိုင်ကွင်း၌ နယူးဇီလန် အသင်း တာဝန်ရှိသူတစ်ဦးမှာ သြဂုတ်လ ၆ ရက်က သေနတ်ကျည်ဆန် လာရောက်ထိမှန်မည့်ဘေးမှ ကံကောင်းစွာ သီသီလေး ကင်းလွတ်ခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံ၌ ကျင်းပနေသည့် ရီယို အိုလံပစ်ပြိုင်ပွဲအား အကာအကွယ်ပေးရန် အမေရိကန်နိုင်ငံသည် ၎င်းတို့၏ ထောက်လှမ်းရေးသမား ၁ဝဝဝ ဦးကို စေလွှတ်ထားကြောင်း အမေရိကန်ပြည်တွင်းသတင်းဌာနများက ရေးသားဖော်ပြသည်။
အယ်လ်ဂျီးရီးယား၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) အယ်လ်ဂျီးရီးယားလေယာဉ်တစ်စီးသည် သြဂုတ် ၆ ရက်က ပြင်သစ်နိုင်ငံ Marseille မြို့သို့ ဦးတည် ပျံသန်းနေစဉ် စက်ပိုင်းဆိုင်ရာချို့ယွင်းမှု ဖြစ်ပေါ်ခဲ့၍ မက်ဆီးဒိုးနီးယားပင်လယ် အလယ်လောက်ခန့်မှ အယ်လ်ဂျီးရီးယားနိုင်ငံသို့ ယူ- ပုံသဏ္ဍာန် ပြန်ကွေ့ခဲ့ရကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။