Connect with us

North America

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ အမေရိကန် နုတ်ထွက်ကြောင်း ဟယ်လီ ပြော

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်အမြဲတမ်းကိုယ်စားလှယ် ဟယ်လီ (လက်ထောင်ထားသူ)အား လုံခြုံရေးကောင်စီအစည်းအဝေး၌ တွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇွန် ၂ဝ ရက်(ဆင်ဟွာ)
အမေရိကန်နိုင်ငံသည် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်ကြောင်း ကုလသမဂ္ဂဆိုင်ရာအမေရိကန်အမြဲတမ်းကိုယ်စားလှယ် နစ်ကီဟယ်လီ(Nikki Haley) က ဇွန်လ ၁၉ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

အီရန်နျူကလီးယားသဘောတူညီချက် အပါအဝင် ကုလသမဂ္ဂ ယဉ်ကျေးမှု နှင့် ပညာရေးအဖွဲ့( UNESCO) ၊ ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ ရွှေ့ပြောင်းအခြေချသူများ အရေး( UN global compact on migration) နှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ပါရီသဘောတူညီမှု စသည့် အဖွဲ့များမှ အမေရိကန်နုတ်ထွက်သွားပြီးနောက်ပိုင်း ယခုတစ်ကြိမ်နုတ်ထွက်မှုသည် နိုင်ငံတကာအဖွဲ့အစည်းများမှ အမေရိကန်နိုင်ငံ၏ နောက်ဆုံးနုတ်ထွက်မှု တစ်ခုဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး မိုက်ပွန်ပီယို နှင့် ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကယ်လီက လူ့အခွင့်အရေးကောင်စီအနေဖြင့် အမေရိကန်နိုင်ငံက လိုလားသော “ အရေးပါမှု ၊ ထူးခြားထင်ရှားမှု နှင့် စည်းစနစ်ကျသော ပြုပြင်ပြောင်းလဲမှုများ” လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ကောင်စီအနေဖြင့် “ လူ့အခွင့်အရေးချိုးဖောက်နေသူများကို အကာအကွယ်ပေးသူ တစ်ဦး နှင့် နိုင်ငံရေးအရ ဘက်လိုက်သူများ စုဝေးရာနေရာ” ဖြစ်နေကြောင်း ကယ်လီက စွပ်စွဲခဲ့သည်။
“ ပြီးခဲ့တဲ့တစ်နှစ်ကတည်းက ဒီလူ့အခွင့်အရေးကောင်စီမှာ တိုးတက်မှုတစ်စုံတစ်ရာမတွေ့ရဘူးဆိုရင် အမေရိကန်နိုင်ငံဟာ နုတ်ထွက်မယ်လို့တရားဝင် ပြောထားပြီးသာပါ” ဟု ၎င်းက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.