Connect with us

Eastern Europe

ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဆော်ဒီ ဘောလုံးသမားများတင်ဆောင်လာသည့် လေယာဉ် မီးလောင်မှုကြောင့် အရေးပေါ်ဆင်းသက်

လေယာဉ်တောင်ပံ မီးလောင်ကျွမ်းနေသည်ကို တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

မော်စကို ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ၌ ကျင်းပနေသည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသည့် ဆော်ဒီအာရေးဗီးယားလက်ရွေးစင်ဘောလုံးအသင်းသားများအား တင်ဆောင်လာသောလေယာဉ်သည် ဇွန်လ ၁၈ ရက်က Rostov-on- Don နိုင်ငံတကာလေဆိပ်သို့မဆင်းသက်မီ ပျံသန်းမှုပြုလုပ်နေစဉ်အတွင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရုရှားလေကြောင်းလိုင်းပိုင် Airbus လေယာဉ်ကြီးသည် ဆင်းသက်မှုပြုလုပ်ပြီးနောက် အင်ဂျင်ပိုင်းမီးလောင်ကျွမ်းရာမှ မီးညွန့်များထွက်ပေါ်နေပုံကို လူမှုကွန်ရက်စာမျက်နှာပေါ်တွင် တွေ့မြင်ခဲ့ရသည်။

ဆော်ဒီအာရေးဗီးယားဘောလုံးအဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ဖော်ပြထားသည်။

“ လေယာဉ်အင်ဂျင်မှာ အသေးစားမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးတဲ့နောက် လက်ရွေးစင်အသင်းသားအားလုံး ထိခိုက်ဒဏ်ရာရမှု မရှိဘဲ ဘေးကင်းလုံခြုံစွာ ဆင်းသက်နိုင်ခဲ့ကြောင်းကို ဆော်ဒီဘောလုံးအဖွဲ့ချုပ်က အတည်ပြုပါတယ် ” ဟု ထုတ်ပြန်ချက်က ဆိုသည်။

အဆိုပါလေယာဉ်သည် ဆော်ဒီအာရေးဗီးယားအသင်းအနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲ ဒုတိယမြောက် ပွဲစဉ်အဖြစ် ဇွန်လ ၂ဝ ရက်တွင် ဥရုဂွေးအသင်းနှင့်ယှဉ်ပြိုင်စကားရန် ဆော်ဒီ အသင်းသားများကို Rostov သို့တင်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.