ဖနွမ်းပင် ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ)ကမ္ဘောဒီးယားနိုင်ငံ၌ ၂ဝ၂၅ ခုနှစ်တွင် ငှက်ဖျားရောဂါလုံးဝ ကင်းစင်သွားစေရေးအတွက် တရုတ်နိုင်ငံက အကူအညီပေးရန် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆန်ဒတ်ဟွန်ဆန်က မေတ္တာရပ်ခံခဲ့ကြောင်း အကြီးတန်း အရာရှိတစ်ဦးက ဒီဇင်ဘာ ၇ ရက်တွင်ပြောကြားသည်။
ဂျကာတာ ၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသ၌ ပြင်းအား ၆.၄ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အပျက်အစီးပုံများကြားတွင် ပိတ်မိနေသူ ၅ဝ ဦးကျော် ကို ကယ်တင်နိုင်ရန် ကြိုးပမ်းလုပ်ဆောင်နေရကြောင်း နှင့် ငလျင်ကြောင့် အနည်းဆုံး လူပေါင်း ၂ဝ ဦးထက်မနည်း...
မနီလာ၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ၏ သဘောတူစာချုပ်ပါ အချက်များအား ခွင့်ပြုရန် ဖိလစ်ပိုင်နိုင်ငံ ဥပဒေပြု အထက်လွှတ်တော်၌ မဲခွဲခဲ့ရာ ၂၀-၁ မဲဖြင့် ခွင့်ပြုခဲ့ကြောင်း အထက်လွှတ်တော်အမတ် လော်ရန် လီဂါဒါက ဒီဇင်ဘာလ ၆ ရက်၌...
ဂျနီဗာ၊ ဒီဇင်ဘာ ၆ရက် (ဆင်ဟွာ) Gotthard မြေအောက်လိုဏ်ခေါင်း အား စမ်းသပ်စစ်ဆေးမှုများ လပေါင်းများစွာပြုလုပ်ပြီးနောက် ဆွစ်ဇာလန်နိုင်ငံ ဖယ်ဒရယ်ပို့ဆောင်ရေးရုံး က ဆွစ်ဇာလန်နိုင်ငံ မှ ရထားများ လာမည့်အပတ်တွင် Gotthard မြေအောက်လိုဏ်ခေါင်း ကို အသုံးပြု၍ ခရီးသည်တင်ဆောင်ခြင်း နှင့် ကုန်စည်ပို့ဆောင်မှုများပြုလုပ်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆိုးလ်၊ဒီဇင်ဘာ၆ ရက်(ဆင်ဟွာ) တောင်ကိုးရီးယားနိုင်ငံ သမ္မတ ပတ်ဂွမ်ဟေးသည် ၂ဝ၁၇ ခုနှစ် ဧပြီလတွင် ရာထူးမှ နှုတ်ထွက်ပေးရန် အာဏာရပါတီ(Saenuri Party) ၏ တောင်းဆိုမှုကို လက်ခံစဉ်းစားပေးခဲ့ကြောင်း သမ္မတအိမ်တော်တွင် ပတ်ဂွမ်ဟေး နှင့်တွေ့ဆုံဆွေးနွေးပြီးနောက် တောင်ကိုးရီးယားနိုင်ငံလွှတ်တော်၌ ဒီဇင်ဘာလ ၆ ရက်တွင် ပါတီတာဝန်ရှိသူများက သတင်းသမားများအား ထုတ်ဖော်ပြောကြားလိုက်သည်။
ပဲရစ်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံရှိ စားသောက်ဆိုင် ၁၀၀ သည် အရည်အသွေး ပြည့်ဝသည့် ကမ္ဘာ့ ထိပ်တန်း စားသောက်ဆိုင် ၁,၀၀၀ စာရင်းဝင်ခဲ့သလို ပြင်သစ်နိုင်ငံမှ စားသောက်ဆိုင် ၁၁၃ ခု၊ ဂျပန်နိုင်ငံမှ စားသောက်ဆိုင် ၁၁၆ ခုလည်း အသီးသီး စာရင်းဝင်ခဲ့ကြောင်း...
ရီယိုဒီဂျနေးရိုး ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် မှ ဒီဇင်ဘာ ၅ ရက်နေ့တွင် ၂၀၁၆ ခုနှစ် တောင်အမေရိကဖလား Champion ဆုတံဆိပ်ကို ဘောလုံးအသင်းသားများ လေယာဉ်ပျက်ကျမှုကြောင့် ဆုံးရှုံးခဲ့သည့် Chapecoense ကလပ်အသင်း အား ပေးအပ်ခဲ့ပြီး ပြိုင်ဘက် Atletico Nacional...
လန်ဒန် ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) ဗြိတိန်နိုင်ငံသား အသက် ၁ဝ၁ နှစ်အရွယ်ရှိ အဖိုးအိုတစ်ဦးသည် နိုင်ငံ၏ တရားစီရင်ရေးသမိုင်းတွင် အသက်အကြီးဆုံး တရားခံတစ်ဦးဖြစ်လာရန် ယုံကြည်ရကြောင်း နှင့် ၎င်းသည် ကလေးမုဒိမ်းမှုများ ဖြင့် တရားရင်ဆိုင်နေရကြောင်း ဒေသတွင်းမီဒီယာများက ဒီဇင်ဘာလ ၅ ရက်တွင် သတင်းဖော်ပြခဲ့ကြသည်။
ဝါရှင်တန်၊ ဒီဇင်ဘာ ၆ရက် (ဆင်ဟွာ) နေ့စဉ်ပုံမှန် ဆေးလိပ် ၁၀လိပ် နှင့်အောက် သောက်သုံးသူများသည် ဆေးလိပ်လုံးဝမသောက်သူတစ်ဦးချင်းစီ ထက် ဆောလျင်စွာ အသက်သေဆုံးနိုင်ခြေ ရှိကြောင်း အမေရိကန်လေ့လာတွေ့ရှိမှုအသစ်တစ်ရပ် က ဒီဇင်ဘာ ၆ရက်တွင်ဖော်ပြခဲ့သည်။
ဆိုးလ် ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) ဆမ်ဆောင်း အီလက်ထရောနစ်ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ Lee Jae-yong သည် ဆမ်ဆောင်းလက်အောက်ခံကုမ္ပဏီ နှစ်ခုထံမှ ပြီးခဲ့သော နှစ်က အငြင်းပွားဖွယ် လာဘ်စားခဲ့သည်ဆိုသည့် စွပ်စွဲချက်ကို ဒီဇင်ဘာလ ၆ ရက်တွင် ငြင်းဆိုလိုက်ကြောင်း သိရသည်။