Connect with us

Africa & Middle East

အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် တွင် အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၅ ဦး သေဆုံး

အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် တွင် ဒီဇင်ဘာ ၈ ရက်နေ့၌ ဖြစ်ပွား ခဲ့သည့် ဗုံးခွဲ တိုက်ခိုက်မှု အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် ကဘူးလ် တွင် ဒီဇင်ဘာ ၂၅ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ဗုံးခွဲ တိုက်ခိုက်မှု တစ်ရပ် ဖြစ်ပွား ခဲ့ရာ တိုက်ခိုက်သူ အပါအဝင် လူပေါင်း ၅ ဦး သေဆုံးခဲ့ကြောင်း အစိုးရ အရာရှိ တစ်ဦး ပြောကြားချက် အရ သိရှိခဲ့ရသည်။

အာဖဂန်နစ္စတန် နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က တိုက်ခိုက်မှု သည် ကဘူးလ်မြို့ ၏ ShashDarak ဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူတစ်ဦး ဒဏ်ရာရရှိခဲ့ကာ တိုက်ခိုက်မှု နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

တိုက်ခိုက်မှု အား ကြုံတွေ့ခဲ့ရသူ တစ်ဦး က ဆင်ဟွာသတင်းဌာန သို့ ဆက်သွယ်ပြောကြားခဲ့ရာတွင် တိုက်ခိုက်မှု သည် နံနက် ၇ နာရီ ၅၅ မိနစ် ခန့်တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး အသေခံ ဗုံးခွဲတိုက်ခိုက်သူ တစ်ဦး သည် အာဖဂန်နစ္စတန် နိုင်ငံ အမျိုးသား လုံခြုံရေးဌာန နှင့် နေတိုးအခြေစိုက်စခန်း အနီးတွင် ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက်အရ တိုက်ခိုက်သူမှာ လူငယ် တစ်ဦးဖြစ်ပြီး တိုက်ခိုက်မှုကြောင့် လူများ သေဆုံးဒဏ်ရာရရှိမှု ဖြစ်ပွားသည့်အပြင် ပတ်ဝန်းကျင်ရှိ အဆောက်အဦ များမှာလည်း ထိခိုက်ပျက်ဆီး ခဲ့ရကြောင်း သိရှိခဲ့ရသည်။

ယခု ဖြစ်ပွား ခဲ့သည့် အသေခံ ဗုံးခွဲတိုက်ခိုက်မှု ကို IS အစွန်းရောက် အဖွဲ့အစည်း က ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန် ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.