ဟနွိုင်း၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် နိုင်ငံများ အပါအဝင် မဲခေါင်နိုင်ငံများသည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ဇွန်လ ၂၁ ရက်က စတင် ကျင်းပသည့် လယ်ယာမြေဆိုင်ရာ စီမံအုပ်ချုပ်မှုနှင့် သက်ဆိုင်သည့် ပထမဆုံး မဲခေါင်ဒေသ မြေယာဖိုရမ်၌ အတွေ့အကြုံများ...
လက်စ်ခါဂါ၊ အာဖဂန်နစ္စတန်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ဟဲလ်မန်ပြည်နယ်တွင် မော်တော်ယာဉ် သုံးစီးအား တာလီဘန် စစ်သွေးကြွ များက ကြားဖြတ်ဖမ်းယူပြီးနောက် အနည်းဆုံး ခရီးသည် ၂၇ ဦး ပြန်ပေးဆွဲခံခဲ့ရကြောင်း သိရသည်။
နယူးဒေလီ ၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) ဒုတိယအကြိမ်မြောက် နိုင်ငံတကာ ယောဂနေ့အခမ်းအနားကို အိန္ဒိယနိုင်ငံ၌ ဇွန်လ ၂၁ ရက်တွင် ကျင်းပရာ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ အပါအဝင် လူပေါင်း ၃ဝ,ဝဝဝ ကျော် ပါဝင် ဆင်နွှဲခဲ့ကြောင်း သိရသည်။
ကိုင်ရို၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံပိုင် လေကြောင်းလိုင်း တစ်ခု ဖြစ်သည့် EgyptAir က ၎င်းသည် အာမခံ ကုမ္ပဏီများနှင့် သဘောတူညီချက် ရယူပြီး MS804 လေယာဉ် ပျက်ကျမှုတွင် သေဆုံးသွားသူ တစ်ဦးစီအတွက် အမေရိကန် ဒေါ်လာ ၂၅,၀၀၀ အား ယာယီလျော်ကြေး...
ဆိုးလ် ၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) မြောက်ကိုးရီးယား အစိုးရသည် နိုင်ငံ၏ အရှေ့ဖက်ကမ်းခြေ၌ ၎င်းတို့၏ မုစုဒန် (Musudan ) တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုးရီးယားနိုင်ငံပိုင် Yonhap သတင်းဌာန က ဇွန်လ ၂၁ ရက်တွင် သတင်း ထုတ်ပြန်သည်။
ရီယိုဒီဂျနေရို ၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) Rio 2016 အိုလံပစ် ပြိုင်ပွဲ လက်မှတ်များကို ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့ရှိ အရောင်းဆိုင်ကြီးများတွင် ပထမအသုတ် အနေဖြင့် စတင် ရောင်းချပေးနေပြီ ဖြစ်ကြောင်း တာဝန်ရှိသူများက ဇွန်လ ၂ဝ ရက်တွင် ပြောကြားသည်။
နယူးဒေလီ၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ Sriharikota ကျွန်းပေါ်ရှိ ဂြိုလ်တု လွှတ်တင်ရေး စခန်းမှ ဇွန်လ ၂၂ ရက်တွင် ဂြိုလ်တု အလုံး ၂၀ လွှတ်တင်ခြင်း ပြုလုပ်မည် ဖြစ်ရာ မလွှတ်တင်ခင် ၄၈ နာရီ အကြို ရေတွက်မှုကို ဇွန်လ...
ကဘူးလ် ၊ ဇွန် ၂ဝ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန် နိုင်ငံ ကဘူးလ်မြို့၌ ဇွန်လ ၂ဝ ရက်က ဖြစ်ပွားသည့် အသေခံ ဗုံးခွဲမှုတွင် နီပေါလူမျိုး ၁၄ ဦးသေဆုံးပြီး ကိုးဦး အပြင်းအထန် ဒဏ်ရာရသွားကြောင်း အာဖဂန်နစ္စတန်နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနက ဆိုသည်။
ကန်ဘာရာ ၊ ဇွန် ၂ဝ ရက် (ဆင်ဟွာ) သြစတြေးလျ နိုင်ငံမှ အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးသည် ၎င်းအဖိုးထံမှ ရရှိသော အမွေဆိုင်ငွေများကို တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး အစီအစဉ်တွင် အသုံးပြုရန် သြစတြေးလျ တိရစ္ဆာန်ရုံသို့ လှူဒါန်းလိုက်ကြောင်း သိရသည်။
ဝါရှင်တန်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ Pennsylvania ပြည်နယ်တွင် ရဲများက အမျိုးသား တစ်ဦး၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ မိန်းကလေး ၁၂ ဦးအား တွေ့ရှိခဲ့ပြီးနောက် ယင်း မိန်းကလေးများအနက် ဆယ်ကျော်သက် တစ်ဦးအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုဖြင့် အိမ်ရှင် အမျိုးသားအား တရားစွဲဆိုထားကြောင်း...