နယူးဒေလီ၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ) စစ်မက်ဖြစ်ပွားမှုဒဏ်ခံစားနေရသော အာဖဂန်နစ္စတန်နိုင်ငံတွင် အကြမ်းဖက်မှုများအရှိန် မြင့်တက်လာသဖြင့် အိန္ဒိယနိုင်ငံ အစိုးရက ၎င်းတို့နိုင်ငံသားများအား ယင်းနိုင်ငံမှ ချက်ချင်းထွက်ခွာရန် ဩဂုတ် ၁၀ ရက်က အကြံပြုထားကြောင်း သိရသည်။
ကုလသမဂ္ဂ ၊ ဩဂုတ် ၁၂ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ နေရာအနှံ့အပြားတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ပြီးခဲ့သော ရက်သတ္တပတ်အတွင်း ပြည်သူထောင်ပေါင်းများစွာသည် ၎င်းတို့နေအိမ်များကို စွန့်ခွာကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကုလသမဂ္ဂ ၊ လူသားချင်းစာနာမှုညှိနှိုင်းကွပ်ကဲရေးရုံး(OCHA) က ဩဂုတ် ၁၁ ရက်တွင် ပြောကြားခဲ့သည်။
ဘန်ကောက် ၊ ဩဂုတ် ၁၂ ရက်(ဆင်ဟွာ) ကြွက်များတွင် စမ်းသပ်မှု အလားအလာကောင်းသော ရလဒ်များ ရရှိပြီးနောက် ထိုင်းနိုင်ငံက ယခုနှစ်ကုန်ပိုင်းတွင် နှာခေါင်းမှတစ်ဆင့်ဖျန်းရသော COVID-19 ကာကွယ်ဆေး နှစ်မျိုးကို လူသားဖြင့် စမ်းသပ်မှုများ စတင်ရန် စီစဉ်ထားကြောင်း ထိုင်းနိုင်ငံတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ပဲရစ်၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ) လီယွန်နယ် မက်ဆီ (Lionel Messi) သည် ဩဂုတ် ၇ ရက်က ၎င်း၏ ဘာစီလိုနာအသင်းအား နှုတ်ဆက်ပွဲ ကျင်းပပြီးနောက် ပြင်သစ်အမှတ်ပေးပြိုင်ပွဲ (Ligue 1) အသင်းတစ်ခုဖြစ်သော (PSG) ပဲရစ်စိန့်ဂျာမိန်းကလပ်နှင့် လက်မှတ်ရေးထိုးခြင်း အပြီးသတ်လုပ်ဆောင်ရန် ဩဂုတ်...
ဝါရှင်တန်၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံရှိ မြို့များစွာမှာ လွန်ခဲ့သည့် ရက်များအတွင်း တာလီဘန်၏လက်အောက်သို့ ကျရောက်သွားပြီ ဖြစ်၍ ယင်းနိုင်ငံရှိ တပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းတို့ကိုယ်တိုင် မဖြစ်မနေ တိုက်ခိုက်ရမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က ဩဂုတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်။
ပြုံးယမ်း ၊ ဩဂုတ် ၁၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံနှင့် စီစဉ်ထားသည့် စစ်ရေးလေ့ကျင့်မှုများ ရှေ့တိုးလုပ်ဆောင်လာခြင်းအတွက် တောင်ကိုရီးယားနိုင်ငံအား မြောက်ကိုရီးယားနိုင်ငံ(DPRK)က ဩဂုတ် ၁၁ ရက်တွင် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး “ပြင်းထန်သောလုံခြုံရေးအကျပ်အတည်းဖြစ်မှု”ဟူ၍ သတိပေးခဲ့ကြောင်း သိရသည်။
ဒါကာ ၊ ဩဂုတ် ၁၁ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် COVAX အစီအစဉ်မှတစ်ဆင့် ပို့ဆောင်ပေးခဲ့သည့် တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေး နောက်ထပ်တစ်သုတ်အား လက်ခံရရှိခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု၌ Delta ဗီဇပြောင်း ဗိုင်းရပ်စ် အတားအဆီးမရှိ ပျံ့နှံ့မှုကြောင့် ကူးစက်မှုများတစ်ဟုန်ထိုး ပြန်လည် မြင့်တက်လာခဲ့ရာ သြဂုတ် ၁၀ ရက်အထိ COVID-19 ဖြစ်ပွားမှုပေါင်း ၃၆ သန်းအထိ အမြင့်ဆုံးရောက်ရှိလာခဲ့ကြောင်း သိရသည်။
ချီကာဂို ၊ ဩဂုတ် ၁၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ချီကာဂိုမြို့ အနောက်ဘက်အစွန်ဆုံး ဆင်ခြေဖုံးများ၌ ဩဂုတ် ၉ ရက် ညနေ ၄ နာရီခွဲမှ ၆ နာရီ ၄၅ မိနစ်အထိ ၃ နာရီမပြည့်မီ လေဆင်နှာမောင်း ၆ ကြိမ်ထက် မနည်း တိုက်ခတ်ခဲ့ကြောင်း...
အယ်လ်ဂျီးစ် ၊ ဩဂုတ် ၁၁ ရက်(ဆင်ဟွာ) အယ်လ်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Tizi Ouzou ပြည်နယ် နှင့် Bejaia ပြည်နယ် တို့တွင် တောမီးအကြီးအကျယ် လောင်ကျွမ်းနေရာ ယင်းတောမီးအား ငြိှမ်းသတ်ရန် ကြိုးပမ်းစဉ် စစ်သား ၂၅ ဦး သေဆုံးခဲ့ရကြောင်း အယ်လ်ဂျီးရီးယားကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။