Connect with us

Asia

ထိုင်းနိုင်ငံဝန်ကြီးချုပ်ကယခုနှစ်မတ်လမှစတင်၍ တရုတ်နိုင်ငံအား အမြဲတမ်းဗီဇာလိုအပ်ချက်များကိုဖြေလျှော့ပေးမည်ဖြစ်ကြောင်းကြေညာ

တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်များ ထိုင်းနိုင်ငံသို့သွားရောက်လည်ပတ်ခဲ့စဉ်(ဆင်ဟွာ)

ဘန်ကောက် ၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံအနေဖြင့် ယခုနှစ် ၂၀၂၄ ခုနှစ် မတ်လ ၁ ရက် မှ စတင်၍ တရုတ်နိုင်ငံသားများကို အမြဲတမ်းဗီဇာလိုအပ်ချက်များကိုဖြေလျှော့ပေးသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဆေထာ ထဝီဆင် က ထုတ်ပြန်ကြေညာလိုက်သည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဆေထာ ထဝီဆင် က ဇန်နဝါရီ ၂ ရက်တွင် ဝန်ကြီးချုပ်ရုံး၌ ကျင်းပပြုလုပ်သည့် ရှင်းလင်းပွဲတွင် အထက်ပါအကြောင်းအရာကို ပြောကြားခဲ့ခြင်းဖြစ်သည်။လွန်ခဲ့သောကာလပိုင်းတွင်လည်း တရုတ်နိုင်ငံသားများအပေါ် လအတန်ကြာ ယာယီဗီဇာကင်းလတ်ခွင့် ဆောင်ရွက်ပေးခဲ့ကြောင်း ၊ ထိုင်းနိုင်ငံအစိုးရအနေဖြင့် အစဉ်တစိုက် တရုတ်နိုင်ငံသက်ဆိုင်ရာဌာနများနှင့် တက်ကြွစွာညှိနှိုင်းဆောင်ရွက်မှုများပြုလုပ်ခဲ့ကြောင်း ၊ နောက်ဆုံးရလဒ်အနေဖြင့် ၂၀၂၄ ခုနှစ် မတ်လ ၁ ရက် မှ စတင်၍ တရုတ်နိုင်ငံသားများအား အမြဲတမ်းဗီဇာကင်းလွတ်ခွင့် ပေးမည့်မူဝါဒအား ချမှတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင်ထိုင်းနိုင်ငံဝန်ကြီးချုပ် က ယခုဆောင်ရွက်မှုသည် ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းအတွက် တွန်းအားဖြစ်စေနိုင်ပြီး နှစ်နိုင်ငံအကြားချစ်ကြည်ရေးပိုမိုတိုးမြင့်လာသည်ကို ဖော်ပြပေးနိုင်ကြောင်း ပြောကြားခဲ့သည်။(Xinhua)

………………………….
(Chinese Version)
泰国总理宣布今年3月起对华永久免签
新华社曼谷1月2日电(记者高博 任芊)泰国总理赛塔1月2日在曼谷表示,泰国将自2024年3月1日起对中国公民实施永久免签政策。
赛塔当天在总理府举行的发布会上说,此前已对中国公民实施了为期数月的入境临时免签政策。泰国政府一直与中国相关部门积极协商,最终决定自2024年3月1日起对中国公民实施永久免签政策。他表示,这一措施不仅将对泰国旅游业起到积极推动作用,同时也体现出两国友好关系的进一步提升。(完)