ဒိုဟာ၊ အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ) ကာတာနိုင်ငံသို့ အလည်အပတ်ခရီးစဉ်ရောက်ရှိနေသည့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အောက်တိုဘာ ၂၆ ရက်က ဒိုဟာမြို့တွင် အာဖဂန်ယာယီအစိုးရအဖွဲ့ ယာယီနိုင်ငံခြားရေးဝန်ကြီး Amir Khan Muttaqiနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ဗီယင်ကျန်း၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) လာအိုနိုင်ငံသည် ကာကွယ်ဆေးထိုးထားသည့် နိုင်ငံခြားခရီးသွားများအား ပြန်လည်လက်ခံမည့်ရက်ကို မသတ်မှတ်ရသေးကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြသည်။
ဂျကာတာ ၊ အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ) အင်ဒိုနီးရှား ကုန်တင်သင်္ဘောတစ်စီးသည် ဘာလီအပန်းဖြေကျွန်း မြောက်ဘက် ကမ်းလွန်ပင်လယ်ပြင်တွင် နစ်မြုပ်မှု ဖြစ်ပွားကာ လူ ၉ ဦးမှာ ပျောက်ဆုံးနေပြီး အခြားသူ ၆ ဦးအား ကယ်ဆယ်ထားကြောင်း အင်ဒိုနီးရှား အမျိုးသားအဆင့် ရှာဖွေရေး နှင့် ကယ်ဆယ်ရေးရုံး၏ ပြောရေးဆိုခွင့်ရှိသူ...
ခါတွန် ၊ အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ) ဆူဒန်နိုင်ငံဝန်ကြီးချုပ် Abdalla Hamdok နှင့် ၎င်း၏ ဇနီးတို့သည် လုံခြုံရေးတင်းကြပ်စွာဖြင့် နေအိမ်သို့ ပြန်လည်ရောက်ရှိလာကြောင်း ဝန်ကြီးချုပ်၏ရုံးက အောက်တိုဘာ ၂၆ ရက်တွင် ဖေ့ဘွတ်ခ်အကောင့်၌ ရေးသားဖော်ပြခဲ့သည်။
အော့တဝါ ၊ အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ) ကနေဒါနိုင်ငံဝန်ကြီးချုပ်ဂျက်စတင်းထရူးဒေါ့(Justin Trudeau) က နိုင်ငံခြားရေး ၊ ကာကွယ်ရေး ၊ ကျန်းမာရေး နှင့် သဘာဝပတ်ဝန်းကျင်ရေးရာ ကဲ့သို့သော ဝန်ကြီးဌာနများတွင် အစိုးရအဖွဲ့ဝန်ကြီးများ အပြောင်းအလဲပြုလုပ်ခြင်း အပါအဝင် ၎င်း၏ အစိုးရအဖွဲ့သစ်ကို အောက်တိုဘာ ၂၆ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
မက္ကဆီကိုစီးတီး၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ) ဗဟိုအမေရိကား ရွှေ့ပြောင်းနေထိုင်သူ ၂,၀၀၀ ကျော်သည် ယခုရက်ပိုင်းတွင် မက္ကဆီကိုနိုင်ငံတောင်ပိုင်းမှ အမေရိကန်နိုင်ငံသို့ စတင် ခရီးနှင်လျက်ရှိကြောင်း မက္ကဆီကိုမီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။ အဆိုပါရွှေ့ပြောင်းနေထိုင်သူများအား သတိဖြင့်ဆက်ဆံရမည်ဖြစ်ကြောင်း မက္ကဆီကိုအစိုးရက အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။ ရွှေ့ပြောင်းနေထိုင်သူ ၂,၀၀၀ ကျော်ပါဝင်သည့်အဖွဲ့သည်...
စင်ကာပူ၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ကိုဗစ်-၁၉ (COVID-19) ကပ်ရောဂါဖြစ်ပွားနေသည့်ကြားမှ စီးပွားရေး ပြန်လည်နာလန်ထူရေးအတွက် ကြိုးပမ်းစဉ် ဒေသတွင်း ဘက်စုံမိတ်ဖက်နိုင်ငံဆက်ဆံရေး (RCEP) ကလည်း ဆောလျင်စွာ အသက်ဝင်လာခြင်းသည် လုပ်ငန်းစဉ်အား အရှိန်မြှင့်တင်သွားမည်ဖြစ်သလို တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကလည်း အရေးပါကြောင်း စင်ကာပူ ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။...
ဘန်ဒါဆရီဘီဂါဝန် ၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ) ဘရူနိုင်းနိုင်ငံက ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ပြီး ဗီဒီယိုအွန်လိုင်းစနစ်ဖြင့် ကျင်းပသည့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) အဖွဲ့ဝင်နိုင်ငံများ၏ ၃၈ ကြိမ် နှင့် ၃၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို ယနေ့ အောက်တိုဘာ ၂၆ ရက်တွင် စတင်ကျင်းပခဲ့ပြီး COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး နှင့်...
ခါတွန် ၊ အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ) ဆူဒန်နိုင်ငံ ဝန်ကြီးချုပ် Abdalla Hamdok နှင့် အသွင်ကူးပြောင်းရေးအချုပ်အခြာအာဏာကောင်စီ၏ အရပ်သားကိုယ်စားပြုအဖွဲ့ဝင်များ နှင့် ဝန်ကြီးများစွာကို စစ်တပ်ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးထားပြီဖြစ်ကြောင်း ဆူဒန်နိုင်ငံ သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ယနေ့ အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။ ဆူဒန်နိုင်ငံဝန်ကြီးချုပ်...
နယူးဒေလီ၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း အက်တာပရာဒတ်ရှ်ပြည်နယ်တွင် အောက်တိုဘာ ၂၄ ရက်က ဇီကာဗိုင်းရပ်စ်ဖြစ်ပွားမှုအသစ် တွေ့ရှိခဲ့ကြောင်း Press Trust of India (PTI) သတင်း၌ ဖော်ပြထားသည်။ အဆိုပါ လူနာသည် အက်တာပရာဒတ်ရှ်ပြည်နယ် ကန်ပါခရိုင်ရှိ အိန္ဒိယလေတပ် အရာရှိတစ်ဦးဖြစ်ကြောင်း...