Connect with us

International Organizations

သမုဒ္ဒရာအတွင်းသို့ နျူကလီးယားညစ်ညမ်းရေစွန့်ထုတ်မှု အစီအစဉ် ရပ်တန့်ရန် ဂျပန်အား တရုတ် ထပ်မံတိုက်တွန်း

ဂျီနီဗာ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံအနေဖြင့် သမုဒ္ဒရာအတွင်းသို့ နျူကလီးယားညစ်ညမ်းရေစွန့်ထုတ်မည့် အစီအစဉ်ကိုရပ်တန့်ရန် တရုတ်နိုင်ငံက ၅၃ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအစည်းအဝေး၌ တရုတ်နိုင်ငံက ထပ်မံတိုက်တွန်းခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဂျပန်နိုင်ငံဆိုင်ရာ Universal Periodic Review (UPR) ရလဒ်ကို ဇူလိုင် ၁၀ ရက်က အတည်ပြုခဲ့သည်။ အဆိုပါ ရလဒ်ဆိုင်ရာ ဆွေးနွေးမှုအတွင်း တရုတ်သံတမန်က ဂျပန်နိုင်ငံအနေဖြင့် သမုဒ္ဒရာအတွင်းသို့ နျူကလီးယားညစ်ညမ်းရေများ စွန့်ထုတ်ခြင်းအစီအစဉ်ကို ရပ်တန့်ရန် တရုတ်နိုင်ငံက ထပ်မံတိုက်တွန်းခဲ့ကြောင်း အလေးထားပြောကြားခဲ့သည်။

ဂျပန်နိုင်ငံအနေဖြင့် သိပ္ပံနည်းလမ်းကျအခြေခံထားသော၊ ဘေးကင်း၍ ပွင့်လင်းမြင်သာမှုရှိသော နည်းလမ်းဖြင့် စီမံဆောင်ရွက်ရန်နှင့် ဂျပန်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် အခြား သက်ဆိုင်ရာဘက်ပေါင်းစုံ ပါဝင်သော ကာလရှည်နိုင်ငံတကာစောင့်ကြည့်ရေးယန္တရားကို ဖြစ်နိုင်သမျှမြန်မြန် ထားရှိရန် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် တရုတ်သံတမန်က တိုက်တွန်းခဲ့သည်။

ထို့ပြင် စီးပွားရေးကုန်ကျစရိတ်ကိုလည်း ထည့်သွင်းစဉ်းစားရန် ၎င်းသံတမန်က ထောက်ပြခဲ့ကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ စိုးရိမ်ပူပန်မှုများနှင့် ကန့်ကွက်မှုများကို လျစ်လျူရှုထားခဲ့ကြောင်းနှင့် လာမည့် နှစ်ပေါင်း ၃၀ အတွင်း သမုဒ္ဒရာအတွင်းသို့ ဖူကူရှီးမား နျူကလီးယား ညစ်ညမ်းရေ တန်ချိန်သန်းနှင့်ချီ၍ စွန့်ထုတ်ခြင်းအစီအစဉ် ဆက်လက်လုပ်ဆောင်နေခြင်းသည် ပစိဖိတ်သမုဒ္ဒရာကို ရေဆိုးပိုက်သဖွယ်ပြုမူနေခြင်းဖြစ်ကြောင်း တရုတ်သံတမန်က ဆိုသည်။ (Xinhua)

………………………………
(English Version)

China once again urges Japan to stop pushing through ocean discharge plan

GENEVA, July 10 (Xinhua) — China on Monday once again urged Japan to stop its plan to discharge nuclear-contaminated water into the ocean at the ongoing 53rd session of the UN Human Rights Council.
The UN Human Rights Council on Monday adopted the Universal Periodic Review (UPR) outcome of Japan. Speaking in the discussion on the UPR outcome of Japan, a Chinese diplomat emphasized that China once again urges Japan to stop the plan to discharge nuclear-contaminated water into the ocean.
The Chinese diplomat urged Japan to dispose of it in a science-based, safe and transparent manner, and cooperate with the International Atomic Energy Agency (IAEA) to put in place a long-term international monitoring mechanism involving Japan’s neighbors and other stakeholders as soon as possible.
The diplomat pointed out that out of economic cost considerations, Japan ignored the concerns and opposition of the international community, and its continuous discharge of millions of tons of Fukushima nuclear-contaminated water into the sea in the next 30 years is the equivalent of treating the Pacific Ocean like a “sewer.”
Photo: This photo taken on March 6, 2023 shows the Fukushima Daiichi nuclear power plant in Futabacho, Futabagun of Fukushima Prefecture, Japan. (Xinhua/Zhang Xiaoyu)