လန်ဒန် ၊ ဇွန် ၃ ရက်(ဆင်ဟွာ) Times Higher Education (THE)၏ အာရှတက္ကသိုလ်အဆင့်သတ်မှတ်ချက် ၂၀၂၁ ခုနှစ်စာရင်းကို ဇွန် ၂ ရက်က ထုတ်ပြန်ခဲ့ရာတွင် တရုတ်နိုင်ငံပြည်မကြီးမှ တက္ကသိုလ်များသည် ထိပ်ဆုံး နေရာနှစ်ခုအတွက် နှစ်နှစ်ဆက်တိုက် ဦးဆောင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။
တီဟီရန်၊ ဇွန် ၃ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ မြို့တော် တီဟီရန် တောင်ဘက်ရှိ ရေနံချက်စက်ရုံတွင် ဇွန် ၂ ရက် ညနေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။
ဂျီနီဗာ ၊ ဇွန် ၃ ရက် (ဆင်ဟွာ) အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO) ၏ ဇွန်လ ၂ ရက်၌ ထုတ်ပြန်ခဲ့သည့် ခန့်မှန်းချက်အစီရင်ခံစာအရ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာပေါ်၌ အလုပ်လက်မဲ့ဖြစ်မည့် လူဦးရေမှာ ၂၀၅ သန်းအထိ ရောက်ရှိလာမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင်ရှိခဲ့သော ၁၈၇ သန်းထက်...
ခတ္တမန္ဒူ၊ ဇွန် ၃ ရက်(ဆင်ဟွာ) ကိုဗစ်ကပ်ရောဂါကို တားဆီးထိန်းချုပ်ရန်အတွက် နီပေါနိုင်ငံ မြို့တော်ခတ္တမန္ဒူမြို့တည်ရှိရာ ခတ္တမန္ဒူတောင်ကြားဒေသ၏ လော့ခ်ဒေါင်းကာလကို ထပ်မံတိုးမြင့်ရန် ဇွန် ၂ ရက်တွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
စတော့ဟုမ်း ၊ ဇွန် ၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ၏ လွန်စွာ ဆိုးရွားသောလုပ်ရပ်ဖြစ်သည့် ဒိန်းမတ်နိုင်ငံမှ တစ်ဆင့် ဥရောပတိုက် မဟာမိတ်နိုင်ငံများအပေါ် စောင့်ကြည့်နားထောင်မှုများနှင့် ပတ်သက်၍ မဖြစ်မနေ စုံစမ်းစစ်ဆေးသွားရမည်ဖြစ်ကြောင်း ဆွီဒင်နိုင်ငံဝန်ကြီးချုပ် Stefan Löfven က ဇွန် ၁ ရက်၌ ပြောကြားခဲ့သည်။
တိုကျို၊ဇွန် ၃ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံအစိုးရသည် ၎င်း၏ အဓိကတိုက်လေယာဉ်အုပ်စုကို ကျယ်ကျယ်ပြန့်ပြန့်တိုးချဲ့သွားရန် အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ဂျပန်ပင်လယ်ပြင်ကမ်းရိုးတန်းတွင် တည်ရှိရာ Ishikawa စီရင်စုရှိ ကိုမတ်ဆုလေတပ်အခြေစိုက်စခန်းသို့ F-35 ခေတ်မီကိုယ်ပျောက်ဂျက်တိုက်လေယာဉ်များ ပို့ဆောင်တပ်ချထားရန် စီစဉ်လျက်ရှိကြောင်း အစိုးရသတင်းအရင်းအမြစ်၏ ဇွန် ၂ ရက်က ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်း သတင်းမီယာကဖော်ပြခဲ့သည်။
မော်စကို ၊ ဇွန် ၃ ရက်(ဆင်ဟွာ) COVID-19 ရောဂါ မူလအစသည် လူသားတို့ဖန်တီးထားခြင်းမှ ဖြစ်ပေါ်လာခဲ့သည်ဆိုသည့် ဆက်စပ်ပြောဆိုနေမှုများမှာ မည်သည့်တန်ဖိုးတစ်စုံတစ်ရာမှမရှိကြောင်း ရုရှားနိုင်ငံ ကူးစက်ရောဂါကာကွယ်ရေး နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ကျွမ်းကျင်ပညာရှင် တစ်ဦးဖြစ်သူ Dmitry Lvov က ပြောကြားလိုက်သည်။ “ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ လင်းနို့ငှက်တွေဆီကနေ ကနဦးစတင်...
ဘရပ်ဆဲလ် ၊ ဇွန် ၂ ရက် (ဆင်ဟွာ) နေတိုးတပ်ဖွဲ့ဝင်များအား အာဖဂန်နစ္စတန်နိုင်ငံ မှ ပြန်လည်ခေါ်ယူသွားပြီးနောက်တွင် အာဖဂန်နစ္စတန်နိုင်ငံ အပေါ် ကူညီထောက်ပံ့မှုများ ဆက်လက်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နိုင်ငံမြို့တော် ကဘူးလ် တွင် အရပ်သား သံတမန်ရေးရာဝန်ထမ်းများ ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း နေတိုးတပ်ဖွဲ့ အတွင်းရေးမှူး Jens Stoltenberg က...
နယူးဒေလီ ၊ ဇွန် ၂ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ်၌ ထမင်းဟင်း ချက်ပြုတ်သည့် ဂတ်စ်အိုး ပေါက်ကွဲမှု ဖြစ်ပွားရာ လူ ၇ ဦးထက်မနည်း သေဆုံးပြီး အခြား ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့ ဇွန်...
ကူဝိတ်စီးတီး ၊ ဇွန် ၂ ရက် (ဆင်ဟွာ) ကူဝိတ်နိုင်ငံဝန်ကြီးချုပ် Sabah သည် ဇွန် ၁ ရက်က အလည်အပတ်ခရီးစဉ်ဖြင့် ကူဝိတ်သို့ ရောက်ရှိလာသည့် ပါလက်စတိုင်းဝန်ကြီးချုပ် Shtayyeh နှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ရာတွင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ကြိုးပမ်းအားထုတ်မှု ပိုမိုပြုလုပ်ဆောင်ကာ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်နိုင်ရန်...