တီဟီရန် ၊ မေ ၃ ရက်(ဆင်ဟွာ) အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး မိုဟာမက်ဂျာဗတ်ဇာရာစ် (Mohammad Javad Zarif) က အီရန်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ၏ ဖိအားပေးနေမှုများအပေါ် မည်သည့်အခါမျှ လက်မြှောက်အရှုံးပေးသွားမည်မဟုတ်ကြောင်း မေ ၂ ရက်တွင် ပြောကြားခဲ့သည်။
နယူးဒေလီ ၊ မေ ၃ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၌ ယနေ့(မေ ၃ ရက်) နံနက်ပိုင်းတွင် ဖန်နီ(Fani)မုန်တိုင်း ဝင်ရောက်မည့် လမ်းကြောင်းပေါ်၌ တည်ရှိနေသော နိုင်ငံ၏ အရှေ့ပိုင်း ပူရီမြို့(Puri) အတွင်း နှင့် အနီးပတ်ဝန်းကျင်တွင် နေထိုင်သော ပြည်သူ တစ်သန်းကျော်ကို ဘေးလွတ်ရာသို့ပြောင်းရွှေ ့ထားကြောင်း နှင့်...
မော်စကို ၊ မေ ၂ ရက်(ဆင်ဟွာ) ဗင်နီဇွဲလားအခြေအနေနှင့်စပ်လျဉ်း၍ ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeoတို့ မေ ၁ ရက်တွင် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ မေ ၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဟီမာချယ် ပရာဒတ်ရှ်ပြည်နယ်တွင် မေလ ၂ ရက်က ချောက်နက်ကြီးတစ်ခုအတွင်းသို့ ကားတစ်စီးပြုတ်ကျပြီးနောက် အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး အခြားသူ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ်၊ မေ ၂ ရက် (ဆင်ဟွာ) အာဖဂန်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံနယ်စပ်တွင် အာဖဂန်ဘက်ခြမ်းမှ စစ်သွေးကြွများ တိုက်ခိုက်မှုကြောင့် စစ်သား ၃ ဦးသေဆုံးခြင်းနှင့် အခြားသူ ၇ ဦးဒဏ်ရာရရှိခြင်းအတွက် အာဖဂန် သံတမန်အား မေလ ၁ ရက်၌ ဆင့်ခေါ်ခဲ့ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။
ဟူစတန် ၊ မေ ၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အော့ကလန်ဟိုးမားပြည်နယ်၌ မေ ၁ ရက်တွင် အမေရိကန်စစ်လေယာဉ်တစ်စင်းပျက်ကျသွားခဲ့ကြောင်း နှင့် လေယာဉ်မှူးများမှာ ဘေးကင်းစွာ ခုန်ထွက်လွတ်မြောက်ခဲ့ကြောင်း အမေရိကန်လေတပ်အခြေစိုက်စခန်းတစ်ခုမှ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ဒိုဟာ ၊ မေ ၂ ရက်(ဆင်ဟွာ) ကာတာ နိုင်ငံ ဒိုဟာမြို့၌ အမေရိကန်တို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု အသစ်များ စတင်သွားမည် ဖြစ်ကြောင်း အာဖဂန် နစ်စတန် ၏ တာလီဘန် အုပ်စုက မေ ၁ ရက်တွင် ကြေညာခဲ့သည်။
ဟာဗာနား၊မေ ၂ ရက်(ဆင်ဟွာ) ကျူးဘားအစိုးရက ဗင်နီဇွဲလားသို့၎င်း၏တပ်ဖွဲ့များပို့ထားခဲ့ကြောင်းအမေရိကန်၏စွပ်စွဲချက်အားဧပြီလ ၁ ရက် ကငြင်းဆန်ခဲ့ပြီး၎င်းစွပ်စွဲချက်ကကျူးဘားနိုင်ငံအားစီးပွားရေးအရ အရေးယူမှုအသစ်များပြုလုပ် ရန် လုပ်ကြံဖန်တီးခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကူဝိတ်စီးတီး၊ မေ ၂ ရက်(ဆင်ဟွာ) ပြီးခဲ့သောနှစ် ဒီဇင်ဘာလမှစ၍ ယနေ့အထိ ဟူသီလက်နက်ကိုင်များက အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ကို အကြိမ်ပေါင်းများစွာ ချိုးဖောက်ခဲ့ရာ Hodeidahတွင် အရပ်သား ၁၄၀ သေဆုံးခဲ့ကြောင်း ယီမင်အစိုးရတပ်က မေ ၁ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ မေ ၂ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က အချို့သောနိုင်ငံခြားသားများ နှင့် နိုင်ငံမဲ့များအတွက် အရိုးရှင်းဆုံးအစီအစဉ်တစ်ခုအောက်တွင် ရုရှားနိုင်ငံသားဖြစ်ခွင့် လျှောက်ထားမှုပုံစံ အမိန့်ဒီဂရီတစ်ရပ်ကို မေ ၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သမ္မတနန်းတော်က ဆိုသည်။