Connect with us

North America

နယူးဇီလန်နိုင်ငံတွင် စနစ်တကျစီစဉ်ထားသောဒုစရိုက်မှု အဓိကစစ်ဆင်ရေးအတွင်း မူးယစ်ဆေးဝါးများ နှင့် သံသယရှိသူများ ဖမ်းဆီးရမိ

ဝယ်လင်တန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

နယူးဇီလန်နိုင်ငံတွင် စနစ်တကျစီစဉ်ထားသောဒုစရိုက်မှု (organized crime) အဓိကစစ်ဆင်ရေးအတွင်း ရဲတပ်ဖွဲ့က ကိုကင်း ၅၀ ကီလိုဂရမ်ကျော်နှင့် ငွေသား နယူးဇီလန်ဒေါ်လာ ၃၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၂၁၁,၃၈၉) နှင့် ကိုကင်းနှင့် cryptocurrency wallet များကို သိမ်းဆည်းရမိခဲ့ပြီး လူ ၉ ဦးကိုလည်း ဖမ်းဆည်းခံခဲ့ရကြောင်း ရဲဝန်ကြီး Poto Williams က နိုဝင်ဘာ ၁၁ ရက်၌ ပြောကြားခဲ့သည်။“ကျွန်မတို့ရဲ့ လမ်းမတွေပေါ်မှာ ပိုပြီးဘေးကင်းလုံခြုံမှုရှိစေဖို့ ဒီနေ့ ဒီလို A အဆင့် မူးယစ်ဆေးဝါးတွေနဲ့ ငွေမည်းခဝါချမှုတွေကို အဓိကနှိမ်နင်းမှု လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်” ဟု Williams က သတင်းထုတ်ပြန်ချက်၌ ပြောကြားထားသည်။

နယူးဇီလန်နိုင်ငံသည် ဂိုဏ်များနှင့် စနစ်တကျစီစဉ်ထားသောဒုစရိုက်မှု ကို လက်သင့်ခံသွားမည် မဟုတ်ကြောင်းနှင့် စနစ်တကျစီစဉ်ထားသောဒုစရိုက်မှုကို အထူးအာရုံစိုက်သည့် ရှေ့တန်းမှ ရဲတပ်ဖွဲ့ဝင် အရေအတွက် စံချိန်တင်ထားရှိခဲ့ကြောင်း၊ ရဲတပ်ဖွဲ့၌ အစိုးရ၏ စံချိန်တင်ရင်းနှီးမြှုပ်နှံမှုတွင် စနစ်တကျစီစဉ်ထားသောဒုစရိုက်မှု စုံစမ်းစစ်ဆေးသူ ၇၀၀ ထပ်မံဖြည့်စွက်ခြင်းလည်း ပါဝင်ကြောင်း Williams က ဖြည့်စွက်ပြောခဲ့သည်။

“ဒီဖြိုခွင်းမှုက ကျွန်မတို့ လူ့အသိုင်းအဝိုင်းကို အင်မတန် ထိခိုက်စေတဲ့ တရားမဝင်မူးယစ်ဆေးဝါးတွေ ရောင်းချခြင်းနဲ့ ထောက်ပံ့ခြင်းတွေ၊ ငွေမည်းခဝါချမှု ဆောင်ရွက်ချက်များစွာကို ကိုင်တွယ်ဖြေရှင်းခြင်းဖြင့် နယူးဇီလန်နိုင်ငံသား ပိုမိုဘေးကင်းရေး ဆောင်ရွက်ဖို့ ခရီးရှည်ကြီးကို သွားကြရဦးမှာပါ” ဟု ၎င်းက ဆိုသည်။

စစ်ဆင်ရေးတွင် နယူးဇီလန် ရဲတပ်ဖွဲ့နှင့် နယူးဇီလန် အကောက်ခွန်ဝန်ထမ်း ၇၀ ဦး ပါဝင်ခဲ့ပြီး ရဲတပ်ဖွဲ့နှင့် အကောက်ခွန်ဆက်ဆံရေးကွန်ရက်များက အမေရိကန်နိုင်ငံ မူးယစ်ဆေးဝါးနှိမ်နင်းရေးဦးစီးဌာန၊ ကိုလံဘီယာနိုင်ငံ ရဲတပ်ဖွဲ့၊ စပိန်နိုင်ငံ အကောက်ခွန်လုပ်ငန်းနှင့် Cook Island Customs Service တို့က ပံ့ပိုးပေးခဲ့ကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။ (Xinhua)

——————————————-
(English Version)

Drugs seized, suspects arrested in New Zealand’s major operation against organized crime

WELLINGTON, Nov. 11 (Xinhua) — A major operation against organized crime by the New Zealand police has resulted in the seizure of more than 50 kg of cocaine and 300,000 New Zealand dollars (211,389 U.S. dollars) in cash, cocaine, and cryptocurrency wallets, while nine people were arrested, Police Minister Poto Williams said on Thursday.
“This major crackdown on class A drugs and money laundering has today made our streets safer,” Williams said in a statement.

New Zealand will not tolerate gangs and organized crime and has put a record number of the police on the frontline with a specific focus on organized crime, Williams said, adding the government’s record investment in the police will include 700 additional organized crime investigators.

“This crackdown will go a long way to making New Zealanders safer by tackling the sale and supply of illicit drugs and serious money laundering activities that cause so much harm in our communities,” she said.

Operation Mist has seen 70 New Zealand police and New Zealand customs staff supported by police and customs international liaison networks, working with the United States Drug Enforcement Administration, Colombian National Police, the Spanish Customs Service, and the Cook Island Customs Service, the minister said. Enditem

Photo : A police officer stands guard near the New Lynn supermarket in Auckland, New Zealand, Sept. 3, 2021. New Zealand Prime Minister Jacinda Ardern confirmed that the violent attack that happened at New Lynn supermarket in Auckland at 2:40 p.m. local time Friday was a “terrorist attack” carried out by an “extremist.” (Photo by Zhao Gang/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.