ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နှင့် မိုင်းလား အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA )တို့ ယနေ့တွေ့ဆုံပြီး ၂၁ ရာစုပင်လုံညီလာခံတွင် အားလုံးပါဝင်လာနိုင်ရေး ဆွေးနွေးကြကြောင်း ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးခင်ဇော်ဦးက ပြောကြားသည်။
ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်အတွင်းရှိ တောင်သမန်အင်း တာရိုးပေါက်၍ အင်းရေထိန်းတံခါးကို ဖွင့်လိုက်ရသဖြင့် အင်းအနီးနေထိုင်သူများ အရေးပေါ်ပြောင်းရွှေ့ပေးနေရကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လန်ဒန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) လန်ဒန်မြို့လယ်က Southbank ခရိုင်အတွင်းရှိ မြေပြင်မှ ၂၁ မီတာ (၆၉ ပေဝန်းကျင်) အကွာ မိုးပျံရဟတ်တွင် ပိတ်မိနေသည့် လူကြီးနှင့် ကလေး ၁၉ ဦးအား မီးသတ်သမားများက ကယ်ထုတ်ခဲ့ရကြောင်း သိရသည်။
ဂျကာတာ၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံသည် အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ဖိုရမ်အား နိုဝင်ဘာလ၌ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပရန်ရှိပြီး ၂၀၂၅ ခုနှစ်တွင် ပြုလုပ်မည့် အရှေ့တောင်အာရှ ဒေသတွင်း ချိတ်ဆက်မှု အစီအစဉ်အတွက် ပေါင်းကူးသဖွယ် လုပ်ဆောင်ပေးရန် ဖြစ်ကြောင်း သိရသည်။
ကိုလန်ဘို၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) သီရိလင်္ကာဝန်ကြီးချုပ် Ranil Wickremesinghe သည် အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပမည့် ၁၂ကြိမ်မြောက် ကမ္ဘာ့အစ္စလာမ်မစ် စီးပွားရေးဖိုရမ် တက်ရောက်ရန် နှင့် ယင်းဖိုရမ်၌ မိန့်ခွန်းပြောကြားရန် အင်ဒိုနီးရှားနိုင်ငံသို့ သြဂုတ်လ ၁ ရက်တွင် သွားရောက်ခဲ့ကြောင်း သိရသည်။