ဘရပ်ဆဲလ်၊ မတ် ၉ ရက် (ဆင်ဟွာ) အမျိုးသမီးစွန့်ဦးတီထွင်သူများအား ပေးအပ်သည့် ၂၀၁၇ခုနှစ် ဥရောပသမဂ္ဂ(EU)ဆုအား မတ်လ ၈ ရက်တွင် ထူးချွန်အမျိုးသမီးလုပ်ငန်းရှင် ၄ဦးအား ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မတ် ၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့ မှ စတင်ကျင်းပလျက်ရှိပြီး စာစစ်ဌာန(၁၅၉၄)ခုတွင် ဖြေဆိုရန် စာရင်းပေးသွင်းထားသော ကျောင်းသားကျောင်းသူ (၇)သိန်း ကျော် ရှိကြောင်း ပညာရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
ဂွာတီမာလာ စီးတီး၊ မတ် ၉ ရက် (ဆင်ဟွာ) ဂွာတီမာလာနိုင်ငံ အလယ်ပိုင်း တွင် မတ် ၈ ရက်နေ့ အစောပိုင်း က ကလေးဂေဟာတစ်ခု မီးလောင်မှုဖြစ်ပွားရာ ကလေး ၁၉ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပြည်တွင်းမီဒီယာတစ်ခု က ဖော်ပြခဲ့သည်။
ကဘူးလ်၊ မတ် ၉ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မြို့ တွင် IS စစ်သွေးကြွအဖွဲ့က လုပ်ဆောင်ခဲ့သော စစ်ဆေးရုံတစ်ခုအား အသေခံ ဗုံးဖောက်ခွဲ တိုက်ခိုက်မှုတွင် သေဆုံးသူအများအပြားရှိခဲ့ပြီး နိုင်ငံတကာမှ ပြစ်တင်ရှုတ်ချမှုများစွာ ဖြစ်ပေါ်စေခဲ့ကြောင်း သိရသည်။