Connect with us

Videos

(၁၁) ခုမြောက် တရုတ်-မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်းဆောင်သစ် ရန်ကုန်မြို့၌ ဖွင့်လှစ်

ရန်ကုန် ၊ ဇွန် ၇ ရက် (ဆင်ဟွာ)

(၁၁) ခုမြောက် တရုတ်-မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနား ကို ဇွန်လ ၆ ရက်နေ့ က ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ် အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်း(ထ-ခွဲ) အ.လ.က (၉) လှိုင်သာယာ တွင် ကျင်းပပြုလုပ်ခဲ့သည်။ ဖွင့်ပွဲ အခမ်းအနား သို့ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန် ၏ ဇနီး မစ္စ ဝမ်ရွှဲဟုန် (Wang Xuehong) ၊ ရန်ကုန်တိုင်း ဒေသကြီး အခြေခံပညာဦးစီးဌာန (ခေတ္တ) ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေ ၊ လှိုင်သာယာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး ၊ အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်း(ထ-ခွဲ) အ.လ.က (၉) လှိုင်သာယာ ၏ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်ရွှေ ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် သံရုံး တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။ မစ္စ ဝမ်ရွှဲဟုန် က တရုတ် နိုင်ငံ သံရုံး အနေဖြင့် ပညာရေး ဖွံ့ဖြိုးတိုးတက်ရန် ၂၀၁၅ ခုနှစ် မှ စတင်၍ မြန်မာ အစိုးရ နှင့် ပူးပေါင်းကာ မြန်မာ နိုင်ငံ နေရာအနှံ့အပြားတွင် စာသင်ကျောင်းဆောင်သစ်များ တည်ဆောက်ပေးခဲ့ပြီး ယခုနှစ် မကုန်မီ ကျောင်းဆောင်သစ်ပေါင်း ၂၀ခု ပြီးစီး အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ငွေကျပ်သိန်းပေါင်း ၃၀၀၀ ကျော်အကုန်ကျခံခဲ့ပြီး အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်း(ထ-ခွဲ) အ.လ.က (၉) လှိုင်သာယာ ကျောင်းဆောင်သစ် ကို ကလေးငယ်များ ကျောင်းဖွင့်ချိန်အမီတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ထို့နောက် တရုတ် နိုင်ငံ သံအမတ်ကြီး ၏ ဇနီး မစ္စ ဝမ်ရွှဲဟုန် မှ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်ရွှေ ထံ လှူဒါန်းငွေ ကျပ် သိန်း(၁၀၀) နှင့် စာရေး ကိရိယာ များကို ပေးအပ် လှူဒါန်း ခဲ့ ပြီး Alliance International Company ကလည်းကျောင်းသားများအတွက် လှူဒါန်းသည့် ပစ္စည်းများကို ပေးအပ်ခဲ့ပါသည်။ (ပေ ၂၀၀ x ပေ ၃၀) ရှိသည့် (၂)ထပ် စာသင်ကျောင်းဆောင်သစ် တွင် စာသင်ခန်းပေါင်း ၁၂ ခန်းပါရှိပြီး ကျောင်း သား/သူ များ အဆင်ပြေစေရန် နှင့် ရေရရှိရေး တို့အတွက် ဘက်စုံ ဆောင်ရွက်မှုများ ပြုလုပ်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.