Connect with us

Videos

ဈေးကွက်၌ တွင်ကျယ်စွာသုံးလာတော့မည့် မောင်းသူမဲ့ ကုန်ပစ္စည်းပို့ဆောင်သည့်ယာဉ်

ပေကျင်း၊ ဇွန် ၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံတွင် မောင်းသူမဲ့ကုန်ပစ္စည်းပို့ဝန်ဆောင်မှုယာဉ်များကို ကုန်ပစ္စည်းများ ပို့ဆောင်ရာတွင် ထိရောက်စွာပို့ဆောင်နိုင်စေရန် အသုံးပြုမည်ဖြစ်သည်။ တရုတ် အွန်လိုင်းရောင်းဝယ်ရေးလုပ်ငန်းများက ထိုသို့သော စမတ်နည်းပညာသုံး မောင်းသူမဲ့ကုန်ပစ္စည်းပို့ဆောင်သည့် ယာဉ်များကို အသုံးပြု ကာ ဝန်ဆောင်မှုများဆောင်ရွက်ပေးမည်ဖြစ်သည်။ ထို ယာဉ်တွင် များစွာသော ဆင်ဆာစနစ်နှင့် ရေဒါ စနစ်များကို ထည့်သွင်းတပ်ဆင်ထားသောကြောင့် ယာဉ်ကြောအခြေအနေများနှင့် အနီးစပ်ဆုံးလမ်းကြောင်းကို ရွေးချယ်နိုင်သည်။ ထို ယာဉ်အတွက် သီးသန့် application တစ်ခုဖြင့် ထိန်းချုပ်ထားခြင်းဖြစ်သည်။ ၎င်းတွင် ကုန်ပစ္စည်းအရွယ်အစားအမျိုးမျိုးထည့်သွင်းသယ်ဆောင်နိုင်ရန် အကန့် ၆ ခုပါဝင်သည်။ ဝယ်သူထံရောက်ရှိသည့်အခါ ကုတ်နံပါတ်ရိုက်ထည့်ကာ မိမိမှာယူထားသော ပစ္စည်းကို ထုတ်ယူနိုင်သည်။ အဆိုပါ ယာဉ်ကိုတရုတ်နိုင်ငံ၏ အွန်လိုင်းရောင်းဝယ်ရေးလုပ်ငန်းကြီးတစ်ခုဖြစ်သည့် J.D.com Inc မှ ထုတ်လုပ်ခြင်းဖြစ်ပြီး ၂ဝ၁၆ ခုနှစ်တွင် စမ်းသပ်အသုံးပြုအောင်မြင်ခဲ့ပြီးဖြစ်သည်။ ၂ဝ၁၇ ခုနှစ်တွင် ဈေးကွက်၌ တွင်ကျယ်စွာအသုံးပြုတော့မည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.