ရန်ကုန်၊ မေ၂၂ရက် (ဆင်ဟွာ) ကမ္ဘာ့အမြင့်ဆုံးဧဝရက်တောင်ထိပ်တွင် မြန်မာ နိုင်ငံအလံနှင့် ထူးဖောင်ဒေးရှင်းအလံတို့ကိုလွှင့်ထူကာ မြန်မာ နိုင်ငံအမည်ကို ရေးထိုးနိုင်ခဲ့သော မြန်မာတောင်တက်သမား နှစ်ဦးသည် Base Camp သို့ အောင်မြင်စွာ ရောက်ရှိခဲ့ ရာ တောင်တက်ခရီး အတွက် ရာနှုန်းပြည့်အောင်မြင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ်မှသိရသည်။
ဂျကာတာ ၊ မေ၂၂ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ၏ အနောက်ဆူမားတြားကျွန်း၌ မေ ၂၁ရက် က မီးတောင်ပေါက်ကွဲမှုဖြစ်ပွားရာတွင် မေ ၂၂ရက်အထိ သေဆုံးသူဦးရေမှာ ၆ ဦးအထိ မြင့်တက်လျက်ရှိနေပြီး ၊ အခြား လူ ၃ ဦးမှာလည်း ဒဏ်ရာပြင်းထန်စွာရရှိထားကြောင်း သိရသည်။
ရန်ကုန်၊ မေ၂၂ရက် (ဆင်ဟွာ) ပထမအကြိမ် အာဆီယံနိုင်ငံများ အပျော်တမ်း စက်ဘီးအားကစားသမားများ စုပေါင်း စက်ဘီး သရုပ်ပြစီးနှင်းခြင်း အခမ်းအနားကို မေလ ၂၂ ရက် နံနက်(၆)နာရီခွဲ တွင် ရန်ကုန်မြို့အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁)သုဝဏ္ဏရှေ့၌ ကျင်းပပြုလုပ်ခဲ့ သည်။
ဆတ်တဟစ် ၊ ထိုင်း ၊ မေ၂၂ရက်(ဆင်ဟွာ) အပြာရောင်တိုက်ခိုက်မှု ၂ဝ၁၆ ( Blue Stirke 2016 ) ဟုအမည်ပေးထားသည့် ထိုင်းရေတပ် နှင့် တရုတ်ရေတပ်တို့အကြား နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှုအစီအစဉ် ဖွင့်ပွဲအခမ်းအနားကို မေ၂၁ ရက်တွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း မြန်မာ့တပ်မတော်နှင့် SSA(ဝမ်ဟိုင်း) အဖွဲ့တို့ တိုက်ပွဲ ၁၃ကြိမ်ဖြစ်ပွားခဲ့ ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်သည်။