Connect with us

Social, Education & Health

မျိုးတုံး ပျောက်ကွယ်လုနီးပါး ဖြစ်သော လင်းရှူး လေးကောင်ကို နေရာသစ် ပြောင်းရွှေ့

လင်းရှူးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နန်ချန်း၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

ပတ်ဝန်းကျင် ညစ်ညမ်းခြင်း၊ စည်းကမ်းမဲ့ ငါးဖမ်းခြင်းနှင့် မြစ်အတွင်း သွားလာမှုများခြင်းကြောင့် မျိုးတုံး ပျောက်ကွယ်လုနီးပါး ဖြစ်နေသော လင်းရှူးများ၏ သဘာဝ နေထိုင်ရာ နေရာများ စိုးရိမ်ဖွယ် ဖြစ်လာသည့်အတွက် ဆူးတောင်မဲ့ လင်းရှူး ရေနေသတ္တဝါ လေးကောင်ကို တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ ကျန်းရှီးပြည်နယ်မှ နိုင်ငံအလယ်ပိုင်း သီးသန့်နေရာသု့ိ ပြောင်းရွှေ့ထားလိုက်ကြောင်း သိရသည်။

အဆိုပါ လင်းရှူး လေးကောင်ကို Poyang ရေကန်မှ ဟူဘေးပြည်နယ်ရှိ Tian’ezhou သီးသန့်နေရာသို့ မတ်လ ၂၈ ရက်က ရွှေ့ပြောင်းခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သည့် တစ်ရက်ကလည်း ဟူဘေးပြည်နယ် Hewangmiao သီးသန့်နေရာတွင် ပထမအုပ်စုအား အခြေချပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ သီးသန့်နေရာ နှစ်ခုလုံးသည် သန့်ရှင်းသည့် ရေနှင့်အတူ ပတ်ဝန်းကျင် သန့်ရှင်းမှုရှိပြီး လူများ၏ နေ့စဉ် လုပ်ဆောင်မှု အနည်းငယ်သာရှိ၍ ဆူးတောင်မဲ့ လင်းရှူးများအတွက် အဓိကထားရှိခြင်း ဖြစ်သည်။

‘ဒီလို ပြောင်းရွှေ့ရန် စီစဉ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ သားစပ်ခြင်းမှာ ကာကွယ်တာ ဖြစ်သလို မျိုးရိုးဗီဇ ကွဲပြားမှုကို ပိုမိုကောင်းမွန်စေဖို့ ဖြစ်ပါတယ်” ကျန်းရှီး သိပ္ပံ တက္ကသိုလ် လက်အောက်ရှိ ဇီဝဗေဒဆိုင်ရာ သတင်းရင်းမြစ် တက္ကသိုလ် လက်ထောက် ဋ္ဌာနမှူး Dai Nianhua က ပြောကြားခဲ့သည်။

ဆူးတောင်မဲ့ လင်းရှူး ကောင်ရေ ၁၆ ကောင်အား ၂၀၁၅ ခုနှစ်ကစ၍ Poyang ရေကန်မှ ပြောင်းရွှေ့ နေရာချထားခဲ့ပြီး ဖြစ်သည်။

Grins ဟု လူသိများသော ဆူးတောင်မဲ့ လင်းရှူးများသည် ယန်ဇီးမြစ်အတွင်း အဓိက နေထိုင်ကြပြီး Poyang ရေကန်နှင့် Dongting ရေကန်များ၌ သီးသန့် နေထိုင်လေ့ရှိပြီး ယင်းနေရာ နှစ်ခုလုံးမှာ ရေလမ်းကြောင်းနှင့် ချိတ်ဆက်လျက်ရှိသည်။

စာရင်းအချက်အလက်များအရ Poyang ရေကန်တွင် နေထိုင်သည့် လင်းရှူးကောင်ရေ ၄၅၀ အပါအဝင် ယန်ဇီမြစ်အတွင်းရှိ နေထိုင်သော လင်းရှူး ကောင်ရေ ၁,၀၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.