Connect with us

Local

လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှုတွင် တစ်နှစ်တာ အတွင်း ၃.၂၄ ရာခိုင်နှုန်းခန့် တိုးတက် ဖြန့်ဖြူး ပေးနိုင်ခဲ့ဟုဆို

မြန်မာနိုင်ငံ အတွင်းရှိ ရေအား လျှပ်စစ် စက်ရုံ ၁ ရုံအား တွေ့ ရစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ ဧပြီ ၆ ရက်(ဆင်ဟွာ)

လျှပ်စစ်ကဏ္ဍ၌ ဓာတ်အား ထုတ်လုပ်မှုတွင် ၃၀၁ မဂ္ဂါဝပ် ပိုမို ထုတ်လုပ်နိုင်ခဲ့ပြီး ၃.၂၄ ရာခိုင်နှုန်းခန့် တိုးတက် ဖြန့်ဖြူး ပေးနိုင်ခဲ့ကြောင်း အစိုးရသစ် တစ်နှစ်တာကာလ အတွင်း ဆောင်ရွက်ချက်များ အရ သိရသည်။

ထိုကဲ့သို့ဓာတ်အား ၃၀၁ မဂ္ဂါဝပ် ပိုမို ထုတ်လုပ်နိုင်ခဲ့ခြင်း တို့ကြောင့် မြို့၁၀ မြို့၊ ကျေးရွှာ ၃၃၃ ရွှာအား ဓာတ်အား တိုးတက် ဖြန့်ဖြူး ပေးနိုင်ခဲ့ကြောင်း ၊ မီးသုံးစွဲသူများ အနေဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၃.၆၉ သန်းမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၄.၀၅ သန်း အထိ သုံးစွဲနိုင်ခဲ့ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် နွေရာသီတွင် အမြင့်ဆုံး ဓာတ်အား လိုအပ်ချက် ၃၁၀၀ မဂ္ဂါဝပ်ခန့်အထိ ရှိနိုင်သည်ဟု ခန့်မှန်း ထားရှိပြီး အမှန်တကယ် ဓာတ်အား ထုတ်လုပ်နိုင်မှုမှာ ၂၈၅၆ မဂ္ဂါဝပ်သာ ဖြစ်၍ ဓာတ်အား စနစ် အတွင်း ဓာတ်အား လိုအပ်ချက် ၂၄၄ မဂ္ဂါဝပ်ခန့် ဖြစ်ပေါ်နေမည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ နွေရာသီ ကာလ အတွက် ဓာတ်အား လိုအပ်ချက်အား ရေအား စက်ရုံများမှ စက်စွမ်းအားပြည့် ထုတ်လုပ်နိုင်ရေး စီစဉ်ထားရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ အိမ်ထောင်စု ၁၀.၈ သန်း ရှိသည့် အနက် ၃၇ ရာခိုင်နှုန်းကို ဓာတ်အား စနစ်မှ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူး ပေးလျက် ရှိပြီး ကျန် ၆၃ ရာခိုင်နှုန်းမှာ လိုအပ်လျက် ရှိကြောင်း သိရသည်။

နိုင်ငံ၏ လျှပ်စစ် ဓာတ်အား လိုအပ်ချက်မှာ တစ်နှစ်လျှင် ၁၅ ရာခိုင်နှုန်းမှ ၁၇ ရာခိုင်နှုန်း ခန့်နှစ်စဉ် တိုးမြှင့်လျက် ရှိရာ တိုးမြှင့် လိုအပ်ချက် ရှိသော လျှပ်စစ် ဓာတ်အားကို တည်ငြိမ်စွာ ဖြန့်ဖြူးနိုင်ရန် ရေအား ၊ သဘာ၀ ဓာတ်ငွေ့၊ ကျောက်မီးသွေး နှင့် ပြန်ပြည့်မြဲ စွမ်းအင်တို့ပါဝင်သော Energymix ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ကြောင်း သိရသည်။

လက်ရှိ အနေအထားအရ ရေအားကိုသာ Base Load အဖြစ် ဆောင်ရွက်နေပြီး ဒုတိယ အနေဖြင့် သဘာ၀ ဓာတ်ငွေ့ဖြင့် ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူး ပေးလျက် ရှိကြောင်း သိရသည်။

ယခု အခါတွင် National Electrification Plan-NEP ကို ကမ္ဘာ့ဘဏ် ချေးငွေ ဒေါ်လာသန်း ၃၁၀ ခန့်ဖြင့် အကောင်အထည်ဖော်လျက် ရှိပြီး ပြည်နယ် နှင့် တိုင်းဒေသကြီး အသီးသီးတွင် ပထမ အဆင့် ဓာတ်အားလိုင်း၏ ၂ မိုင် အတွင်း ၊ ဒုတိယ အဆင့် ၂ မိုင်မှ ၅ မိုင် အတွင်း ၊ တတိယ အဆင့် ၅ မိုင်မှ ၁၀ မိုင် အတွင်း နှင့် စတုတ္ထ အဆင့် ၁၀ မိုင် အထက် ကျေးရွာများ လျှပ်စစ် ဓာတ်အား ရရှိရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

၂၀၁၆ ခုနှစ် မတ်လမှ ယနေ့အထိ လျှပ်စစ် ဓာတ်အား ပေါ့လျော့စွာ သုံးစွဲခြင်းဖြင့် ဖြစ်ပွားခဲ့သည့် မီးလောင်မှု ၈၉ ကြိမ်တွင် တန်ဖိုး ၁၀.၃၄ ကျပ်သန်းခန့် ဆုံးရှုံးခဲ့ကာ ဓာတ်လိုက်မှု ဖြစ်စဉ် ၂၄၀ ကြိမ်တွင် သေဆုံးသူ ၂၀၃ ဦး နှင့် ဒဏ်ရာ ရသူ ၈၄ ဦး ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.