ကိုပင်ဟေဂင်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) ဒိန်းမတ်နိုင်ငံ Jutland ကျွန်းဆွယ် အလယ်ပိုင်း Ulstrup မြို့ရှိ နေအိမ်တစ်ခုတွင် ကလေး လေးဦး အပါအဝင် လူ ခြောက်ဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ဒေသခံ မီဒီယာ၌ ဇန်နဝါရီလ ၉ ရက်က သတင်းတင်ပြထားသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် ၂၀၁၇ တရုတ်ဖိတ်ခေါ်အမျိုး သမီး ဘောလုံးပြိုင်ပွဲကို ဇန်နဝါရီ ၁၉ ရက်မှ ၂၄ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ဘရာဇီးလား၊ ဇန်နဝါရီ ၁၀ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ မြောက်ပိုင်း ရိုရိုင်မာပြည်နယ် တွင် လွန်ခဲ့သည့် ရက်သတ္တပတ်က ရာဇဝတ်ဂိုဏ်းတစ်ခုအတွင်းသို့ ဝင်ရောက်ရန် ငြင်းဆန်ခဲ့သည့် အကျဉ်းသား ၃၃ဦး အသတ်ခံခဲ့ရကြောင်း ပြည်နယ်တာဝန်ရှိသူများက ဇန်နဝါရီ ၉ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန်/နယူးယောက် ၁ဝ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံမှ ထုတ်လုပ်သော ပစ္စည်းများကို တရုတ်နိုင်ငံဈေးကွက်သို့တင်ပို့ရာတွင် နှစ်နိုင်ငံအကြား ပေါင်းကူးစြင်္က ံတစ်ခုအဖြစ် အကူအညီပေးရန်အတွက် တရုတ်နိုင်ငံ၏ အီ-ကုန်သွယ်ရေး(e-commerce)အကြီးဆုံးလုပ်ငန်းစု အလီဘာဘာ(Alibaba)ကုမ္ပဏီ၏ ဥက္ကဋ္ဌ နှင့် တည်ထောင်သူ ဂျက်မား Jack Ma နှင့် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ပြင်သစ်နိုင်ငံသား အယ်လ်နီကင် ဖက်ဒရစ် (Anikine Frederic) ကို မြန်မာ့လက်ရွေးစင် ယူ-၁၄ အသင်း၏ ဂိုးနည်းပြနှင့် လက်ထောက်နည်းပြအဖြစ် တစ်နှစ် စာချုပ် ချုပ်ဆို ခန့်အပ် တာဝန်ပေးခဲ့ကြောင်း သိရသည်။