Connect with us

Videos

တရုတ်နိုင်ငံဝန်ကြီးချုပ်မှ ကာကွယ်ရေး နှင့်စစ်ရေးဆိုင်ရာ များကိုပြောကြား

ပေကျင်း ၊ မတ် ၅ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် သည် မတ်လ ၅ ရက်နေ့က ပေကျင်းမြို့ ပြည်သူ့ခန်းမကြီး တွင် ကျင်းပ သော ၁၂ ကြိမ်မြောက် တရုတ် အမျိုးသား ပြည်သူ့ ကွန်ဂရက် အစည်းအဝေး ၌ နှစ်ပတ်လည် အစိုးရ လုပ်ငန်း အစီရင်ခံစာ တင်ပြရာတွင် တရုတ် နိုင်ငံ ၏ ကာကွယ်ရေး နှင့် စစ်ရေး တည်ဆောက်မှု ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု များကို ထည့်သွင်းပြောကြား ခဲ့သည်။

လီခဲ့ချန် က ပြီးခဲ့သည့် တစ်နှစ်တာ ကာလ အတွင်း တရုတ် နိုင်ငံ ကာကွယ်ရေး နှင့် စစ်ရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများစွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ စစ်တပ်အား ခေတ်မီ တပ်ဖွဲ့ပုံစံ ပြောင်းလဲမှု ဆောင်ရွက်ရာ တွင် တိုးတက်မှု များစွာ ရရှိခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် အင်အားတောင့်တင်းသည့် စစ်ရေးတပ်ဖွဲ့ တည်ဆောက်ရေး ရည်မှန်းချက်ကို ဦးတည်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ပြုပြင်ပြောင်းလဲမှုများမှ တရုတ် နိုင်ငံ စစ်ရေး တပ်ဖွဲ့ကို ပိုမိုအင်အားတောင့်တင်းစေပြီး လေ့ကျင့်မှုများမှ တစ်ဆင့် ပိုမို ကောင်းမွန်သည့် ပြင်ဆင်မှုများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံတော်၏ အချုပ်အခြာအာဏာ ၊ လုံခြုံရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ခိုင်မြဲစွာ ထိန်းသိမ်း ကာကွယ်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် လီခဲ့ချန် က ပါတီ မှ စစ်ရေးတပ်ဖွဲ့ အား ဦးဆောင်ခြင်း ကို ခိုင်မြဲစွာ ဆောင်ရွက်သွားပြီး စစ်ရေးကော်မတီ ဥက္ကဋ္ဌ မှ တာဝန်ယူသော စနစ်ကို ထိန်းသိမ်း သွားမည် ဖြစ်ကြောင်း ၊ ကာကွယ်ရေး နှင့် စစ်ရေးတပ်ဖွဲ့ကို အဆက်မပြတ် ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ပြီး ရေကြောင်း နှင့် လေကြောင်း ကာကွယ်မှု စွမ်းရည်ကို မြှင့်တင်သွားမည် ဖြစ်ကြောင်း ၊ အကြမ်းဖက်မှုနိမ်နင်းရေး ၊ အပြည်ပြည်ဆိုင်ရာ လုံခြုံရေး ထိန်းသိမ်းခြင်းလုပ်ငန်း နှင့် ရေကြောင်းကာကွယ်ရေး စသည့် အရေးကြီး လုပ်ငန်းမျာကို အလေးထား ဖွဲ့စည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ကာကွယ်ရေး ဆိုင်ရာ နည်းပညာလုပ်ငန်းများ ကိုယ်ပိုင်တီထွင် ထုတ်လုပ်နိုင်မှုပိုင်းကို မြှင့်တင်သွားပြီး ခေတ်မီထောက်ပံ့ရေး တပ်ဖွဲ့တည်ဆောက်မှု နှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့အား တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ကာကွယ်ရေးတပ်ဖွဲ့ နှင့် အရန်အင်အားတည်ဆောက်မှု ပိုင်းကိုလည်း မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ကာကွယ်ရေး နည်းပညာ လုပ်ငန်းများကို နက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေးများဆောင်ရွက်ပြီး စစ်ဘက်ဆိုင်ရာ နှင့် အရပ်ဘက်ဆိုင်ရာ ပူးပေါင်းမှုကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ၊ စစ်ရေးတပ်ဖွဲ့များ ပိုမို စည်းလုံးညီညွတ်အောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.