ဝါရှင်တန်၊ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ) ၂ဝ၁၆ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းလုံး၌ သတင်းသမားပေါင်း ၄၈ ဦးအသတ်ခံခဲ့ရပြီး ဆီးရီးယားနိုင်ငံသည် ကမ္ဘာ့သတင်းသမားသေဆုံးမှုနှုန်း အမြင့်ဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် ၅ နှစ်မြောက် ဆက်လက်ရပ်တည် ခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ) ယခုနှစ်တွင် လွတ်လပ်ရေးနေ့ အခမ်းအနားများကို ပိုမိုစည်ကား သိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့သည်။
ဘာလင် ၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ ခရစ်စမတ်ဈေးပွဲတော်အား ဒီဇင်ဘာလ ၁၉ ရက် နံနက်ပိုင်းက တိုက်ခိုက်ခဲ့သည် လုပ်ရပ်မှာ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း အိုင်အက်စ်(IS) အကြမ်းဖက်အဖွဲ့က ဒီဇင်ဘာလ ၂ဝ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
မက္ကဆီကိုစီးတီး ၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမြို့၌ ဒီဇင်ဘာလ ၂ဝ ရက်က မီးရှူးမီးပန်း ရောင်းချသော ဈေးကြီး ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ရာ လူပေါင်း ၂၆ ဦး သေဆုံးခဲ့ရကြောင်း မက္ကဆီကိုနိုင်ငံ ရှေ့နေချုပ် Alejandro Gomez က ဆိုသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ) နိုင်ငံတကာမှ ကူညီ ထောက်ပံ့လျက် ရှိသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေများ ခွဲဝေလျာထား အသုံးပြုရာတွင် ဦးစားပေး ကဏ္ဍကြီး ၄ ရပ် ထားရှိရေးအတွက် ယနေ့ ဒီဇင်ဘာ ၂၀ ရက်တွင် နေပြည်တော်၌ ပြုလုပ်သော ငြိမ်းချမ်းရေး...