Connect with us

North America

မက္ကဆီကို၌ မီးရှူးမီးပန်း ဈေး မီးလောင်ပေါက်ကွဲမှုဖြစ်ပွားရာ ၂၆ ဦးသေ


မက္ကဆီကိုစီးတီး ၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမြို့၌ ဒီဇင်ဘာလ ၂ဝ ရက်က မီးရှူးမီးပန်း ရောင်းချသော ဈေးကြီး ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ရာ လူပေါင်း ၂၆ ဦး သေဆုံးခဲ့ရကြောင်း မက္ကဆီကိုနိုင်ငံ ရှေ့နေချုပ် Alejandro Gomez က ဆိုသည်။

ဒီဇင်ဘာလ ၂ဝရက်က ဖြစ်ပွားခဲ့သော မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမြို့တော် နှင့် နီးကပ်စွာတည်ရှိနေသည့် Tultepec မြိ့ရှိ San Pablito မီးရှူးမီးပန်းဈေး မီးလောင်ပေါက်ကွဲမှုတွင် အနည်းဆုံးသေဆုံးသူ ၉ ဦးရှိကြောင်း မက္ကဆီကိုပြည်ထောင်စုရဲတပ်ဖွဲ့က တွစ်တာလူမှုကွန်ရက်စာမျက်နှာပေါ်တွင် ယင်းနေ့အစောပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။ သို့သော် မီးလောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ဦးရေမှာ ထပ်မံမြင့်တက်ခဲ့ကြောင်း Gomez ၏ ပြောကြားချက်ကို ပြည်တွင်းရုပ်မြင်သံကြားသတင်းဌာနက ထုတ်လွှင့်ပြသခဲ့သည်။အဆိုပါ မီးလောင်ပေါက်ကွဲမှုကြောင့် အခြား လူပေါင်း ၆ဝ ကျော်မှာလည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မက္ကဆီကိုနိုင်ငံပြည်သူ့ကာကွယ်ရေးအဖွဲ့ညွှန်ကြားရေးမှူး Luis Felipe Puente က ကနဦးသတင်းထုတ်ပြန်ခဲ့သည်။

မက္ကဆီကိုနိုင်ငံရှိ မီးရှူးမီးပန်း အရောင်းဆိုင်တန်း မီးလောင် ပေါက်ကွဲနေစဉ်(ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံရှိ မီးရှူးမီးပန်း အရောင်းဆိုင်တန်း မီးလောင် ပေါက်ကွဲနေစဉ်(ဆင်ဟွာ)

ဒေသစံတော်ချိန်မွန်းလွဲ ၃ နာရီခန့်တွင် မီးရှူးမီးပန်းဈေးကြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံအတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များ နှင့် ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေကယ်ဆယ်ရေးများ သွားရောက်လုပ်ဆောင်နေကြောင်း သိရသည်။ဈေးမီးလောင်ပေါက်ကွဲမှုဖြစ်ပွားစဉ် မီးခိုးတန်းများသည် ကောင်ကင်ပြင်တစ်ခုလုံးသို့ ပြန့်ကျဲ ဖုံးလွှမ်းသွားသည့် ပုံရိပ်များကို လူမှုကွန်ရက်စာမျက်နှာများ နှင့် သတင်းစာမျက်နှာများပေါ်တွင် ဖော်ပြခဲ့ကြသည်။ပေါက်ကွဲမှုဖြစ်စဉ်အတွင်း ဒဏ်ရာရရှိခဲ့သူများကို နီးစပ်ရာဆေးရုံအသီးသီးသို့ပို့ဆောင်၍ ဆေးကုသပေးနေကြောင်း သိရသည်။(Xinhua)