ဝါရှင်တန်၊ ဒီဇင်ဘာ ၇ရက် (ဆင်ဟွာ) အနာဂတ် အမေရိကန်နိုင်ငံသမ္မတများ စီးနင်းမည့် Air Force One လေယာဉ်သစ် တစ်စီး၏ တန်ဖိုးက အမေရိကန်ဒေါ်လာ ၄ဘီလီယံကျော်တန်ဖိုးရှိကြောင်း အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံထားရသူ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဒီဇင်ဘာ ၆ရက်တွင် ပြောကြားခဲ့သည်။
ဖနွမ်းပင် ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ)ကမ္ဘောဒီးယားနိုင်ငံ၌ ၂ဝ၂၅ ခုနှစ်တွင် ငှက်ဖျားရောဂါလုံးဝ ကင်းစင်သွားစေရေးအတွက် တရုတ်နိုင်ငံက အကူအညီပေးရန် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆန်ဒတ်ဟွန်ဆန်က မေတ္တာရပ်ခံခဲ့ကြောင်း အကြီးတန်း အရာရှိတစ်ဦးက ဒီဇင်ဘာ ၇ ရက်တွင်ပြောကြားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)မြန်မာနိုင်ငံမှ လုပ်သားများအား မလေးရှားနိုင်ငံသို့ စေလွှတ်မှုကို ဒီဇင်ဘာ ၆ ရက်နေ့က စတင် ခေတ္တရပ်ဆိုင်းမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ)ရသေ့တောင်မြို့နယ် အငူမော် ပတ်ဝန်းကျင်တစ်ဝိုက် မြန်မာ့ပင်လယ်ပြင်တွင် နယ်မြေစိုးမိုးရေးအတွက် ကင်းလှည့်ဆောင်ရွက်စဉ် စက်လှေ တစ်စင်းပေါ်မှ WY စာတန်းပါ စိတ်ကြွဆေးပြား ၉ သိန်း ကျော်ခန့် သိမ်းဆည်းရမိကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် သတင်း ထုတ်ပြန်ရေး ကော်မတီမှ သိရသည်။
ဂျကာတာ ၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသ၌ ပြင်းအား ၆.၄ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အပျက်အစီးပုံများကြားတွင် ပိတ်မိနေသူ ၅ဝ ဦးကျော် ကို ကယ်တင်နိုင်ရန် ကြိုးပမ်းလုပ်ဆောင်နေရကြောင်း နှင့် ငလျင်ကြောင့် အနည်းဆုံး လူပေါင်း ၂ဝ ဦးထက်မနည်း...