Connect with us

Local

ရသေ့တောင်မြို့နယ် အငူမော် ပတ်ဝန်းကျင်တစ်ဝိုက် ကင်းလှည့် ဆောင်ရွက်စဉ် မသကာၤဖွယ် စက်လှေပေါ်မှ စိတ်ကြွ ဆေးပြား ၉ သိန်း ကျော်ခန့် သိမ်းဆည်းရမိ

မြန်မာ့ ပင်လယ်ပြင်တွင် တွေ့ ရှိရသော မသင်္ကာဖွယ်လှေ တစ်စီးအား တွေ့ ရစဉ်(State Counsellor Office Information Committee)

ရန်ကုန် ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ)
ရသေ့တောင်မြို့နယ် အငူမော် ပတ်ဝန်းကျင်တစ်ဝိုက် မြန်မာ့ပင်လယ်ပြင်တွင် နယ်မြေစိုးမိုးရေးအတွက် ကင်းလှည့်ဆောင်ရွက်စဉ် စက်လှေ တစ်စင်းပေါ်မှ WY စာတန်းပါ စိတ်ကြွဆေးပြား ၉ သိန်း ကျော်ခန့် သိမ်းဆည်းရမိကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် သတင်း ထုတ်ပြန်ရေး ကော်မတီမှ သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တပ်မတော်စစ် ရေယာဉ်ဖြင့် ကင်းလှည့်ဆောင်ရွက်စဉ် အရှေ့တောင်မှ အနောက်မြောက်သို့ မောင်းနှင်နေသော မသင်္ကာဖွယ်လှေ တစ်စီးအား ဒီဇင်ဘာ ၅ ရက် ညနေပိုင်းတွင် တွေ့ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အချက်ပြခေါ်ယူခဲ့သော်လည်း လာရောက်ခြင်းမရှိခဲ့ဘဲ မောင်းနှင်ထွက်ပြေးခဲ့သည့်အတွက် ခြိမ်းခြောက် ပစ်ခတ် ဖမ်းဆီးရာ ညနေ ၄ နာရီတွင် ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
ထိုစက်လှေပေါ်တွင် မသင်္ကာသူ အမျိုးသား ၅ ဦး နှင့်အတူ ဆာလာအိတ်ဖြင့် ထုတ်ထားသော အထုပ် ၄ ထုပ်၊ ငါးဂါလန်ပုံး ၂ ပုံး အတွင်းမှ WY စာတန်းပါ စိတ်ကြွဆေးပြား ၉ သိန်း ကျော်ခန့် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.