ရန်ကုန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်တွင် ယနေ့မြန်မာစံတော်ချိန် (၀၆း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ကပ္ပလီပင်လယ်ပြင် တောင်ပိုင်း နှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် ဆက်လက် တည်ရှိနေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) ဆူဇူကီး ဖလား ၂၀၁၆ ဆီမီးဖိုင်နယ် ဘောလုံးပွဲစဉ် အဖြစ် မြန်မာ နှင့် ထိုင်း ဘောလုံး ပွဲတွင် ဆူပူ ရမ်းကား သူများအား သတိပေးဆုံးမပြီး လက်မှတ်များကိုအမြတ်တင်၍ မှောင်ခိုရောင်းချသူများနှင့် ဓားလက်နက်များ သယ်ဆောင်သူများကို အမှုဖွင့် အရေးယူထားကြောင်း...
ဂျနီဗာ၊ ဒီဇင်ဘာ ၆ရက် (ဆင်ဟွာ) Gotthard မြေအောက်လိုဏ်ခေါင်း အား စမ်းသပ်စစ်ဆေးမှုများ လပေါင်းများစွာပြုလုပ်ပြီးနောက် ဆွစ်ဇာလန်နိုင်ငံ ဖယ်ဒရယ်ပို့ဆောင်ရေးရုံး က ဆွစ်ဇာလန်နိုင်ငံ မှ ရထားများ လာမည့်အပတ်တွင် Gotthard မြေအောက်လိုဏ်ခေါင်း ကို အသုံးပြု၍ ခရီးသည်တင်ဆောင်ခြင်း နှင့် ကုန်စည်ပို့ဆောင်မှုများပြုလုပ်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ မြို့မဈေးကြီးအ တွင်း ဈေးကွက်အတွင်းရှိ ငရုတ်သီး မှုန့် (၅) မျိုးတွင် မှိုဆိပ်တစ်မျိုးဖြစ်သည့် Aflatoxin ပါဝင်နေကြောင်း စိစစ်တွေ့ရှိ ရသဖြင့် စစ်ဆေး ခြင်းကို ဒီဇင်ဘာ ၆ ရက်နေ့ နံနက်...
ဆိုးလ်၊ဒီဇင်ဘာ၆ ရက်(ဆင်ဟွာ) တောင်ကိုးရီးယားနိုင်ငံ သမ္မတ ပတ်ဂွမ်ဟေးသည် ၂ဝ၁၇ ခုနှစ် ဧပြီလတွင် ရာထူးမှ နှုတ်ထွက်ပေးရန် အာဏာရပါတီ(Saenuri Party) ၏ တောင်းဆိုမှုကို လက်ခံစဉ်းစားပေးခဲ့ကြောင်း သမ္မတအိမ်တော်တွင် ပတ်ဂွမ်ဟေး နှင့်တွေ့ဆုံဆွေးနွေးပြီးနောက် တောင်ကိုးရီးယားနိုင်ငံလွှတ်တော်၌ ဒီဇင်ဘာလ ၆ ရက်တွင် ပါတီတာဝန်ရှိသူများက သတင်းသမားများအား ထုတ်ဖော်ပြောကြားလိုက်သည်။