Connect with us

Europe

ကမ္ဘာ့ အရှည်ဆုံး ရထားလိုဏ်ခေါင်း ပို့ဆောင်ရေးနှင့် ကုန်စည်စီးဆင်းမှုအတွက် စတင်အသုံးပြုနိုင်တော့မည်

ကမ္ဘာ့ အရှည်ဆုံး ရထားလိုဏ်ခေါင်း အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဂျနီဗာ၊ ဒီဇင်ဘာ ၆ရက် (ဆင်ဟွာ)

Gotthard မြေအောက်လိုဏ်ခေါင်း အား စမ်းသပ်စစ်ဆေးမှုများ လပေါင်းများစွာပြုလုပ်ပြီးနောက် ဆွစ်ဇာလန်နိုင်ငံ ဖယ်ဒရယ်ပို့ဆောင်ရေးရုံး က ဆွစ်ဇာလန်နိုင်ငံ မှ ရထားများ လာမည့်အပတ်တွင် Gotthard မြေအောက်လိုဏ်ခေါင်း ကို အသုံးပြု၍ ခရီးသည်တင်ဆောင်ခြင်း နှင့် ကုန်စည်ပို့ဆောင်မှုများပြုလုပ်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့အရှည်ဆုံး ရထားလိုဏ်ခေါင်းသည် ဒီဇင်ဘာ ၁၁ရက်တွင် လုပ်ငန်းများ စတင်လုပ်ဆောင်နိုင်တော့မည် ဖြစ်ကာ တစ်ရက်လျှင် ခရီးသည်တင်ရထား အစင်း ၅၀ နှင့် နောက်ထပ် ကုန်စည်တင်ရထား အစင်း ၂၆၀ ဖြတ်သန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

Gotthard မြေအောက်လိုဏ်ခေါင်း သည် ၅၇ကီလိုမီတာ ရှည်လျားပြီး ဆွစ်ဇာလန်နိုင်ငံ ၏ သမိုင်းဝင် အဓိကနေရာတွင်တည်ရှိကာ ၁၇နှစ်ကြာ တည်ဆောက်ပြီးနောက် ၂၀၁၆ခုနှစ် ဇွန်လတွင် တရားဝင်ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရသည်။

မြေအောက်လိုဏ်ခေါင်းသည် အပေါ်ယံကျောက်လွှာများအောက် ၂,၃၀၀မီတာအနက်တွင် တည်ရှိပြီး ယင်းလိုဏ်ခေါင်းသည် ကမ္ဘာပေါ်တွင် အနက်ဆုံးဖြစ်သည်သာမက အရှည်ဆုံးနှင့် ကုန်ကျစရိတ်အများဆုံး မြေအောက်လိုဏ်ခေါင်းတစ်ခုဖြစ်ကြောင်းသိရသည်။ အဆိုပါ လိုဏ်ခေါင်းအားတည်ဆောက်ရန် အမေရိကန်ဒေါ်လာ ၁၂.၂ ဘီလီယံ ကုန်ကျခဲ့ကြောင်း သိရသည်။

ဆွစ်ဇာလန်နိုင်ငံ ၏ အဲလ်ပ်တောင်တန်းများကို ဖြတ်၍ နှစ်စဉ် ရထားဖြင့် ကုန်စည်စီးဆင်းမှု တန် ၂၆သန်း ရှိနေပြီး ဥရောပတိုက်၏ အဓိကကျသည့် ကုန်တင်ရထား ပို့ဆောင်မှု ကျောရိုးတစ်ခုဖြစ်သည့် ဆွစ်ဇာလန်နိုင်ငံ အတွက် အဆိုပါ လိုဏ်ခေါင်းသည် အရေးပါကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.