မက္ကဆီကို၊ နိုဝင်ဘာလ ၂၄ ရက် (ဆင်ဟွာ) Juan Pedro Franco ဟု အမည်ရသည့် ကီလိုဂရမ် ၅ဝဝ အလေးချိန် ကမ္ဘာ့အဝဆုံး လူသား သည် မက္ကဆီကို နိုင်ငံ အနောက်ပိုင်းပြည်နယ် Guadalajara မြို့တွင် ကိုယ်အလေးချိန်လျှော့ချတော့မည်ဖြစ်ကြောင်းသိရသည်။အသက် ၃၂ နှစ်အရွယ်ရှိ လူဝကြီးသည် နိုဝင်ဘာလ...
ဆိုဖီယာ၊ နိုဝင်ဘာ ၂၅ရက် (ဆင်ဟွာ) တူရကီနိုင်ငံ နယ်စပ်နှင့် ထိစပ်လျက်ရှိသော ဘူလ်ဂေးရီးယားနိုင်ငံ ရှိ ဟာမန်လီမြို့ ၏ မှတ်ပုံတင်နှင့် ဧည့်ခံရေးစင်တာ တွင် နိုဝင်ဘာ ၂၄ရက်က နိုင်ငံပိုင် ပစ္စည်းများအားအကြောင်းမဲ့ ဖျက်ဆီးမှုဖြင့် ရွှေ့ပြောင်း ဒုက္ခသည် ၄၀ကျော်အား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
နီကိုရှား ၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ၌ အရှိန်ပြင်းစွာဖြင့် နိုဝင်ဘာလ ၂၁ ရက်က စတင် လောင်ကျွမ်းခဲ့သော တောမီးမုန်တိုင်းကို ကူညီငြှိမ်းသတ်ပေးရန် အစ္စရေးနိုင်ငံဝန်ကြီးချုပ် ဘင်ဂျမင်နက်တန်ယာဟု ၏ တောင်းဆိုချက်ကို ဆိုက်ပရက်စ်နိုင်ငံက လက်ခံခဲ့ကြောင်း တာဝန်ရှိသူများက နိုဝင်ဘာလ ၂၄ ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ချီကာဂို ၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကန်တက်စကီးပြည်နယ် Louisville မြို့ရှိ Shawnee ပန်းခြံ၌ နိုဝင်ဘာလ ၂၄ ရက်( ကျေးဇူးတော်နေ့) တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရသွားကြောင်း သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ) တောင်ဒဂုံမြို့နယ်၊ ၆၄ရပ်ကွက်၊ ပြည်ထောင်စုလမ်းမဘေး လဝကရုံး ပထမထပ်တွင် ယနေ့ နေ့လည် ၁နာရီ ၅၀ မိနစ် အချိန်မှစပြီး နေ့လည် ၂ နာရီ အထိ ပေါက်ကွဲမှု ၄ကြိမ်ဖြစ်ပွားခဲ့ကြောင်း တောင်ဒဂုံရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကိုပြောသည်။